FOXCONN မှ လျှပ်စစ်ကား (၂) မျိူး မိတ်ဆက်ပြသခဲ့
by
Aung Myat Shwe MZ
21 Oct 2022
အီလက်ထရွန်းနစ် အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ
FOXCONN မှ FOXTRON Model B SUV နဲ့ FOXTROM Model V
Pickup စတဲ့ လျှပ်စစ်ကား (၂) စီးကို မိတ်ဆက်ခြင်းဖြင့် ကားလောကကို
စိန်ခေါ်လိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ ဥရောပနိုင်ငံက လျှပ်စစ်ကားတွေကို စိန်ခေါ်မယ့် လျှပ်စစ် SUV
ပုံစံအဖြစ် Foxtron Model B နဲ့ စတင်ပြီး အီတလီ Pininfarina မှ နာမည်ကျော်
ကားဒီဇီုင်းအေဂျင်စီတစ်ခုနဲ့ အဆိုပါ ကားကို ပထမဆုံး ထုတ်ဖော်ပြသလိုက်ပါပြီ။
မြင်းကောင်ရေ (၂၃၃) ကောင်အား ထုတ်လုပ်နိုင်ပြီး (၄၅၀) ကီလိုမီတာအထိ
မောင်းနှင်နိုင်ပါတယ်။ ဘက်ထရီပမာဏကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး
FOXTRON Model V Pickup ကတော့ ရှည်လျားတဲ့ L ပုံစံ ဒီဇီုင်းရှိပြီး
ထိုင်ခုံ (၅) လုံးပါရှိသလို (၄၂၀) ကီလိုမီတာအထိ မောင်းနှင်နိုင်မယ်လို့
ဆိုပါတယ်။ DC အားသွင်းစနစ် အထောက်အပံ့နဲ့ 20-80% ကို မိနစ် (၃၀)
အတွင်း အားသွင်းနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ မော်ဒယ်နှစ်ခုကိုတော့ မကြာမီ ရောင်းချဖို့ ပြင်ဆင်နေပြီး
စျေးနှုန်းနဲ့ ရောင်းချမယ့် ရက်ကိုတော့ မသိရသေးပါဘူး
Credit : EVCarMyanmar
#FOXCONN #FOXTRON #FOXTRONModelB
#FOXTRONModelVPickup #ElectricVehicle
Tags: