Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Electric Vehicle

သိန်း ၁ ထောင်ဝန်းကျင် BYD ATTO 3 ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်ခဲ့

by Aung Myat Shwe MZ 10 Oct 2022


ထိုင်းနိုင်ငံရဲ့ Rever Automotive ဟာ BYD ATTO 3 နဲ့ လျှပ်စစ်ကား
စျေးကွက်ကို တရားဝင်စတင်လိုက်ပါပြီ .. BYD ATTO 3 ဟာ e-Platform 3.0
ကို အခြေခံတည်ဆောက်ထားတဲ့ ဇိမ်ခံ SUV ဖြစ်ပြီး ကျစ်လစ်တဲ့ကိုယ်ထည်၊
Blade Battery အပါအဝင် ဘေးကင်းတဲ့အင်္ဂါရပ်တွေနဲ့ ‌ပေါင်းစပ်ထားပါတယ်။


အတွင်းခန်းမှာ ၁၂.၈ လက်မ Touch မျက်နှာပြင်ပါရှိပြီး ဒေါင်လိုက်၊ အလျားလိုက်
လှည့်ပတ်နိုင်သလို Apple Car Play နဲ့ Android Auto တို့ ချိတ်ဆက်နိုင်တဲ့
8 Dirac HD စပီကာတွေ၊ ကြိုးမဲ့အားသွင်းကိရိယာတွေ၊ မောင်းနှင်မှုရလဒ်ကို ပြတဲ့
BYD DiLink 5-inch Digital Gauge စတာတွေပါဝင်ပါတယ်။

မြင်းကောင်ရေအား 201 အထိ အထောက်အပံ့နဲ့၊ torque 310 Nm အထိ ပေးစွမ်းနိုင်ပြီး
အားသွင်းရင် ၄၈၀ ကီလိုမီတာအထိ မောင်းနှင်နိုင်မယ့် BYD Blade Battery 60.48 kWh
ပါဝင်ပါတယ်။ Acceleration 0-100 km/h ရှိပြီး (၇.၃) စက္ကန့်အတွင်း အမြန်အားသွင်းနိုင်
မယ့် DC-CCS 2 (80kW), (၄၅) မိနစ်အားအမြန်သွင်းနိုင်မယ့် AC Type 2 (7kW) နဲ့
V2L စနစ် ပါဝင်ပြီး ဘရိတ်စနစ်မှ 2.2kW စွမ်းအင်ပြန်လည်ထုတ်ယူနိုင်စွမ်းရှိပါမယ်။

ဘေးကင်းစနစ်အတွက် ကားပတ်လည်မှာ လေအိတ် (၇) လုံးပါရှိပြီး ရှေ့ထိုင်ခုံခါးပတ်များ
သတိပေးခြင်း၊ TPMS တာယာဖိအားစောင့်ကြည့်ခြင်း၊ ISOFIX ကလေးထိုင်ခုံ၊
Anti-Lock Braking စနစ်၊ Electionic Parking Brake စနစ်၊ တောင်စောင်းဆင်းစဉ်
အမြန်နှုန်း ထိန်းချုပ်မှု (HDC)၊ ၃၆၀ မြင်ကွင်းကင်မရာ၊ Auto Vehicle Hold၊ ACC-S&G၊
အလိုအလျောက် အရေးပေါ်ဘရိတ်ဖမ်းခြင်း၊ ရှေ့တိုက်မိခြင်းအတွက် သတိပေးစနစ်၊
အနောက်တိုက်မိခြင်းအတွက် သတိပေးစနစ်၊ မြင်ကွင်းကွယ် Monitoring၊ တံခါးဖွင့်
သတိပေးစနစ်၊ ယာဉ်တစ်စီးက မျက်ကွယ်နေရာတွင် ဖြတ်သန်းသည့်အခါ သတိပေးချက်
အပြင် အခြားသော ဘေးကင်းစေတဲ့ အင်္ဂါရပ်တွေပါဝင်ပါမယ်။

အဆိုပါ BYD ATTO 3 ကို အခွန်လျှော့ချအပြီး ထိုင်းဘတ် 1,199,900 (မြန်မာငွေ
သိန်း ၁၀၀၀ ဝန်းကျင်) ဖြင့် စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ အရောင်တွေအနေနဲ့
Parkour Red (red), Surf Blue (blue), Forest Green (green), Boulder Gray (grey)
နဲ့ Ski White (white) စတဲ့ အရောင် (၅) မျိုး ရွေးချယ်နိုင်ပါမယ်။

ဒါ့အပြင် လျှပ်စစ်ကားအသုံးပြုသူတွေရဲ့ စိုးရိမ်ပူပန်မှုကို သက်သာစေမယ့်
Rever Automotive ရဲ့ Rever Care လည်း ရရှိမယ်လို့ ဆိုပါတယ်။

Source : Car2day

#BYD #EV #Vehicle #RêverAutomotive
#ATTO3 #BuildYourDreams #BYDATTO3

930 x 520px

SPRING SUMMER LOOKBOOK

Sample Block Quote

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis.

Sample Paragraph Text

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis nec danos dui. Cras suscipit quam et turpis eleifend vitae malesuada magna congue. Damus id ullamcorper neque. Sed vitae mi a mi pretium aliquet ac sed elitos. Pellentesque nulla eros accumsan quis justo at tincidunt lobortis deli denimes, suspendisse vestibulum lectus in lectus volutpate.
Prev post
Next post

Thanks for subscribing!

This email has been registered!

Shop the look

Choose options

Edit option
Back In Stock Notification

Choose options

this is just a warning
Login
Shopping cart
0 items