ယူရို (၄) သောင်းဝန်းကျင်နဲ့ စတင်ရောင်းချမယ့် BYD ရဲ့ လျှပ်စစ်ကားများ
by
Aung Myat Shwe MZ
03 Oct 2022

တရုတ်နိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သူ BYD အနေနဲ့ ဥရောပ
စျေးကွက်အတွက် BYD Europe Product Premiere ကို စက်တင်ဘာ (၂၈)
မှာ ကျင်းပခဲ့ပြီး ထုတ်ကုန်အသစ်များကို မိတ်ဆက်ခဲ့ပါတယ်။

BYD ဟာ မကြာသေးမီမှ ဥရောပစျေးကွက်သို့ လျှပ်စစ်ကားမျိုးစုံဖြင့်
ဝင်ရောက်လာတာဖြစ်ပြီး ယခုနှစ်မကုန်မီ စတင်ရောင်းချရန် UK အရောင်း
ကိုယ်စားလှယ် Pendragon နဲ့ သဘောတူညီမှု ရရှိထားတာပဲဖြစ်ပါတယ်။

ဥရောပစျေးကွက်အတွက် BYD Tang , BYD Han နဲ့ BYD Atto 3 အမှတ်တံဆိပ်
လျှပ်စစ်ကားများကို မြင်တွေ့ရမှာဖြစ်ပြီး ပထမဆုံးရောင်းချမယ့် မော်ဒယ်ကတော့
BYD Atto 3 ပါ။ အရောင်းပြခန်း အသစ်တွေကိုတော့ အောက်တိုဘာ နဲ့ စက်တင်ဘာ
မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး ကွာတား (၄) မှာ ပထမဆုံး လျှပ်စစ်ကားများကို ပို့ဆောင်ဖို့
စီစဉ်ထားတယ်လို့ ဆိုပါတယ်။

BYD Atto 3 ရဲ့ အကြိုရောင်းစျေးက (ယူရို ၃၈,၀၀၀) ဖြစ်ပြီး BYD Han နဲ့ BYD Tang
တို့ရဲ့ အကြိုရောင်းစျေးက (ယူရို ၇၂,၀၀၀) ဖြစ်ပါတယ်။ အဆိုပါ အကြိုရောင်းစျေးနှုန်း
တွေဟာ ဂျာမနီနိုင်ငံရဲ့ ရည်ညွှန်းချက်ဖြစ်ပြီး အခြား ဥရောပစျေးကွက်များမှာတော့
အနည်းငယ် ကွဲပြားနိုင်ပါမယ်။ အမှန်တကယ် လက်လီစျေးနှုန်းကိုတော့ အောက်တိုဘာ
လရဲ့ Paris Motor Show မှာ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

BYD Atto 3 ဟာ e-Platform 3.0 ပေါ်မှာ အခြေခံထားတဲ့ ပထမဆုံး SUV ဖြစ်ပြီး
Blade Battery အပါအဝင် ဘေးကင်းတဲ့အင်္ဂါရပ်တွေနဲ့ ပေါင်းစပ်ထားပါတယ်။
60.48 kWh Battery ပါရှိပြီး (၄၂၀ ကီလိုမီတာ) အကွာအဝေး (WLTP) အထိ ရပါမယ်။

BYD Han ဟာ ပေါ့ပါးပြီး ပြိုင်ကားဆန်တဲ့ ဆီဒင်ကားဖြစ်ပြီး အတွင်းနဲ့အပြင်ကို
ပရီမီယံပုံစံ ပေါင်းစပ်ဖန်တီးထားပါတယ်။ လျှပ်စစ်မော်တာ (၂) လုံးပါရှိပြီး Blade
Battery အပါအဝင် ဘေးကင်းစေတဲ့ အင်္ဂါရပ်တွေ ပါဝင်ပါတယ်။ 85.4 kWh Battery
ပါရှိပြီး (၅၂၁ ကီလိုမီတာ) အကွာအဝေး (WLTP) အထိ ရပါမယ်။

ထိုင်ခုံ (၇) လုံးပါတဲ့ BYD Tang ကတော့ သက်သောင့်သက်သာနဲ့ ပရီမီယံခံစားမှုကို
ပေးစွမ်းမယ့် SUV ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နော်ဝေနိုင်ငံရှိ ရှေ့ပြေးစျေးကွက်ကမှာ စတင်
မိတ်ဆက်ကတည်းက လျှပ်စစ် SUV စျေးကွက်အတွက် အထင်ကြီးလောက်စရာ
ဝင်ရောက်လာခဲ့ပါတယ်။ အကောင်းဆုံးဘေးကင်းမှု၊ စွမ်းဆောင်ရည်၊ တာရှည်ခံမှုနဲ့
ထိရောက်မှုတို့အတွက် ခေတ်မီတဲ့ Blade Battery ပါရှိပြီး 86.4 kWh Battery ကို
(၄၀၀ ကီလိုမီတာ) အကွာအဝေး (WLTP) အထိ ရပါမယ်။

BYD ဟာ ဖောက်သည်များရဲ့မျှော်လင့်ချက်အတိုင်း လျှပ်စစ်ကားအမြောက်အမြားဖြင့်
ဥရောပသို့ရောက်ရှိလာပြီး သက်သောင့်သက်သာရှိတဲ့ ကားများကို မိတ်ဆက်ပေးခဲ့ပါတယ်။
စံအင်္ဂါရပ်တစ်ခုအနေနဲ့ BYD ရဲ့ မော်တော်ကားအရည်အသွေးပေါ် ယုံကြည်မှုအားဖြင့်
(၈) နှစ် ပါဝါဘက်ထရီ အာမခံ ပေးထားတယ်လို့ ဆိုပါတယ်။
Source : DYDEurope
#EV #BYD #ElectricVehicle
#Atto3 #Tang #Han
Tags: