ပေါက်ကြားလာတဲ့ OnePlus 11 Pro Render ပုံများ

ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာတော့ Weibo မှာ OnePlus 11 Pro ရဲ့
ကောလဟာလတွေ ပျံ့နှံ့နေတာ တွေ့ရပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ
ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘဲ ယခုအခါ @OnLeaks နဲ့ Smartprix တို့
ပူးပေါင်းပြီး OnePlus 11 Pro ရဲ့ ဒီဇိုင်းကို ပြသထားတဲ့ Render ပုံတွေ
ထွက်ပေါ်လာပါတယ်။

ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ကင်မရာ Module ကို ကွဲပြားစွာ ပုံဖော်ထားသလို
OnePlus အမှတ်တံဆိပ်ကို အနောက်ကာဗာအလယ်မှာ မြင်တွေ့နိုင်ပြီး
Hasselblad အမှတ်တံဆိပ်ပါ Triple Camera Sensor နဲ့ Flash မီးပါတဲ့
ကင်မရာ Module ကို တွေ့ရပါမယ်။ ဒါ့အပြင် OnePlus 11 Pro မှာ
တစ်ကျော့ပြန်ဖြစ်လာမယ့် Alter Slider ခလုတ်လည်း ပါဝင်လာမှာပါ။

ယခုအချိန်အထိ အချက်အလက်အနည်းငယ်သာ ရှိသေးသော်လည်း
ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ Snapdragon 8 Gen 2 Chipset ကို
အသုံးပြုလာဖွယ်ရှိပြီး (၂၀၂၃) အစောပိုင်းမှာ စတင်ရောင်းချဖို့ မျှော်လင့်
ထားတယ်လို့ သိရပါတယ်။
Source : @OnLeaks
#OnePlus #OnePlus11Pro
#Leaks #Render
Tags: