Gaming ဖုန်းအသစ် Red Magic 8 Series ကို မိတ်ဆက်
27 Dec 2022
0 Comments
Nubia ဟာ Snapdragon 8 Gen 2 Chip နဲ့ LPDDR5x RAM , UFS 4.0
ROM တပ်ဆင်ထားတဲ့ ထိပ်တန်း Gaming ဖုန်းအသစ် Rad Magic 8 Pro နဲ့
Red Magic 8 Pro+ ကို တရုတ်နိုင်ငံမှာ ကြေညာခဲ့ပါတယ်။
၎င်းမှာ 120Hz Rrefresh Rate , 960Hz Touch Sampling Rate ရှိတဲ့
OLED Display ပါဝင်ပြီး 1440Hz PWM အထောက်အပံ့၊ 1300 nits Max
Brightness နဲ့ Screen to ratio 93.7% ရှိပါမယ်။
Magic GPU Optimization ဟာ Frame Engine ကို အလိုအလျောက်တည်ငြိမ်
စေပြီး Frame Drop မဖြစ်အောင် နဲ့ ဂိမ်းကစားခြင်းကို အကောင်းဆုံးအတွေ့အကြုံ
ရရှိစေမယ်လို့ ဆိုပါတယ်။
စွမ်းဆောင်ရည်မြှင့်တင်ဖို့ 520Hz Shoulder Triggers , X-ais Linear Motor ,
1115K+1216 Ultra-Linear Stereo Speakers နဲ့အတူ Snapdragon Sound
Technology ဖြင့် 96 kHz Output အထိ စွမ်းဆောင်ရည်ကောင်းတဲ့ Red Core 2
independent game chip ပါဝင်ပါတယ်။
1/1.57-inch ရှိ Samsung ရဲ့ 50MP GN5 Camera Sensor ကိုသုံးထားပြီး မျက်နှာပြင်
အောက်မှာ 16MP အရှေ့ကင်မရာကို အသုံးပြုထားပါတယ်။
Red Magic 8 Pro မှာ 6000mAh Battery ကို 80W Fast Charging စနစ်နဲ့ Red Magic
8 Pro+ မှာ 5000mAh Battery ကို (၁၄) မိနစ်အတွင်း 0-100% အားသွင်းနိုင်မယ့် 165W
Fast Charging စနစ်ပါရှိပါမယ်။
*** RedMagic 8 Pro / 8 Pro+ Specs ***
- 6.8-inch AMOLED screen, Full HD+ resolution (2480 x 1116 pixels), refresh rate 120 Hz, Touch Sampling Rate 960 Hz, 10-bit color depth, 100% DCI-P3 color gamut, maximum brightness 1300 nits , DC Dimming, 1440Hz PWM
- CPU: Snapdragon 8 Gen 2
- GPU: Adreno 740
- RAM : 8 GB/12 GB/16 GB Type LPDDR5x
- ROM: 128 GB/256 GB/512 GB/ 1 TB type UFS 4.0
- Supports 2 Sim Cards
- Support 5G Dual Mode
- 3 rear cameras, resolution 50 + 8 + 2 million pixels, Samsung GN5 sensor, supports Ultra Wide 120 degrees and Macro
- The front camera is hidden under the screen, resolution 16 megapixels.
- Support for face scanning
- Supports fingerprint scanning system under the screen
- Supports 3.5 mm headphone jack, stereo speakers, Dual Smart PA, 3 microphones
- Support Wi-Fi 6E 802.11 ax (2.4GHz + 5GHz + 6GHz), Bluetooth 5.3, GPS (L1/L5)+ GLONASS, NFC
- ICE 11.0 magic cooling
- Built-in fan + 3D ice-level dual-pump
- VC Cooling liquid cooling system, size 2068mm³
- USB Type-C connection port
- battery :
8 Pro – 6000 mAh battery, 80W fast charging
8 Pro+ – 5000 mAh battery, 165W fast charging
- Operating system: Android 13 + Redmagic OS 6.0
- Size: 163.98×76.35×8.9 mm.
- Weight: 228 g (8 Pro) / 230 g (8 Pro+)
စျေးနှုန်းတွေအနေနဲ့ ..
Red Magic 8 Pro
8 GB + 128 GB ကို 3,999 ယွမ် (မြန်မာငွေ ခန့်မှန်း ၁၆ သိန်း ဝန်းကျင်)
8 GB + 256 GB ကို 4,399 ယွမ် (မြန်မာငွေ ခန့်မှန်း ၁၈ သိန်း ဝန်းကျင်)
12 GB + 256 GB ကို 4,799 ယွမ် (မြန်မာငွေ ခန့်မှန်း သိန်း ၂၀ ဝန်းကျင်)
Transparent back cover version,
12 GB + 256 GB ကို 4,999 ယွမ် (မြန်မာငွေ ခန့်မှန်း သိန်း ၂၀ ကျော်)
Red Magic 8 Pro+
12 GB + 256 GB ကို 5,199 ယွမ် (မြန်မာငွေ ခန့်မှန်း ၂၁ သိန်း ဝန်းကျင်)
Transparent back cover version,
12 GB + 256 GB ကို 5,399 ယွမ် (မြန်မာငွေ ခန့်မှန်း ၂၂ သိန်း ဝန်းကျင်)
12 GB + 512 GB ကို 5,799 ယွမ် (မြန်မာငွေ ခန့်မှန်း ၂၃ သိန်း ကျော်)
16 GB + 512 GB ကို 5,999 ယွမ် (မြန်မာငွေ ခန့်မှန်း ၂၄ သိန်းကျော်)
16 GB + 1 TB ကို 6,999 ယွမ် (မြန်မာငွေ ခန့်မှန်း ၂၈ သိန်းကျော်)
ယနေ့မှစ တရုတ်နိုင်ငံတွင် ကြိုတင်မှာယူနိုင်ပြီး ဒီဇင်ဘာ (၂၈) မှာ
စတင်ရောင်းချမှာဖြစ်ပါတယ်။
Source : FoneArena
#RedMagic8Series #RedMagic #Nubia
#RedMagic8Pro #RedMagic8ProPlus
Tags:
Leave a comment
All blog comments are checked prior to publishing