Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Google ရဲ့ ဒီည မိတ်ဆက်ပွဲမှာ ဘာတွေမျှော်လင့်လို့ရမလဲ ...

by Aung Myat Shwe MZ 06 Oct 2022 0 Comments

ဒီနေ့ အောက်တိုဘာ (၆) ရက်၊ ည (၈) နာရီခွဲမှာ Google ရဲ့ #MadeByGoogle
မိတ်ဆက်ပွဲကျင်းပဖို့ရှိနေပြီး Google ရဲ့ Pixel Series တွေဖြစ်တဲ့ Pixel 7 နဲ့
Pixel 7 Pro တွေအပြင် Tensor G2 Chip နဲ့ Google Pixel Watch တို့ကို
မြင်တွေ့ရဖို့ ရှိပါတယ်။

Pixel 7 နဲ့ Pixel 7 Pro

မေလတုန်းက ကျင်းပခဲ့တဲ့ Google I/O ပွဲမှာ Pixel 7 နဲ့ 7 Pro တို့ရဲ့ ဒီဇိုင်းကို
ထုတ်ပြခဲ့ပြီး Pixel 6 Series နဲ့ ဆင်တူသော်လည်း အနည်းငယ်ကွဲပြားမှု ရှိပါတယ်။
Pixel 7 ကို အလူမီနီယမ်သတ္တုဖြင့် ပြုလုပ်ထားမှာဖြစ်ပြီး Pixel 7 Pro ကိုတော့
စတိန်းလက်စတီး ဒါမှမဟုတ် အလူမီနီယမ်သတ္တုလားဆိုတာ အတည်ပြုနိုင်ခြင်း
မရှိသေးပါဘူး။ Chip အနေနဲ့ Next Gen Tensor Chip (Tensor G2) ပါဝင်လာပြီး
Pixel 7 ရဲ့ Specs တွေက Pixel 6 နဲ့ တူညီလုနီးပါရှိတဲ့ စာရွက်ပေါက်ကြားလာတာ
တွေ့ရပါမယ်။ Battery ကတော့ 4700mAh ပါဝင်သလို 30W Fast Charging
အထောက်အပံ့ ရမယ်လို့ သိရပါတယ်။ Pixel 7 Pro က 5000mAh Battery ကိုမှ
30W Fast Charging စနစ် ရရှိပါမယ်။

Tensor G2

Pixel Series အသစ်မှာ အဓိကပြောင်းလဲမှာက Tensor G2 Chip ဖြစ်ပြီး 4nm Process
နဲ့ တည်ဆောက်လာနိုင်မယ်လို့ ဆိုပါတယ်။ ယခင် Tensor လိုမျိုး CPU Configuration က
(2+2+4) ကို လုပ်ဆောင်နိုင်တယ်လို့ ပြီးခဲ့တဲ့လ ပေါက်ကြားမှုမှာ တွေ့ရပါတယ်။ GPU ကို
Mali-G78 MP20 အစား Mali-G710 အသစ်ကြောင့် Graphic စွမ်းဆောင်ရည်
သိသိသာသာ တိုးတက်လာမယ်လို့ သိရပြီး Samsung Modem အသစ်ဖြစ်တဲ့
S5300 5G ကြောင့် ပိုမိုတည်ငြိမ်တဲ့ကွန်ယက်နဲ့ စွမ်းဆောင်ရည်အပြင် ကောင်းမွန်တဲ့
Battery သက်တမ်းလည်း ယူဆောင်လာနိုင်ပါမယ်။

Pixel Watch

Google ရဲ့ ပထမဆုံးစမတ်နာရီဖြစ်ပြီး Fitbit ရဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုများ
ပထမဦးဆုံး ပေါင်းစပ်ထည့်သွင်းထားပါတယ်။ Pixel Buds Pro, Pixel Buds A Series,
Pixel Android Phone တွေ အားလုံးနဲ့ အလုပ်လုပ်ဖို့ အသစ်ပြန်လည်ဖန်တီးထားတဲ့
WearOS နဲ့ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ အဝိုင်းပတ်နာရီဒီဇိုင်းနဲ့ မှန်ခုံးကို အသုံးပြု
ထားပြီး Crown အပေါ်မှာ MFB ခလုတ်ပါရှိပါမယ်။

အဆိုပါ #MadeByGoogle ပွဲကို ယနေ့ အောက်တိုဘာလ (၆) ရက်၊ မြန်မာစံတော်ချိန်
ည (၈) နာရီခွဲ မှာ GoogleStore.com/events တွင် တိုက်ရိုက်ကြည့်ရှုနိုင်သလို
youtube.com/madebygoogle တွင်လည်း ကြည့်ရှုနိုင်ပြီး ...

My Gadgets မှလည်း မိတ်ဆက်ပွဲအခြေအနေကို တင်ဆက်ပေးသွားမှာမို့
Page မှာလည်း သတင်းတွေကို စောင့်မျှော်ကြည့်ရှုနိုင်တယ်နော် ...

#Pixel7 #Pixel7Pro
#MadeByGoogle
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items