Honor 80 GT ကိုလည်း တရုတ်နိုင်ငံတွင် မိတ်ဆက်ခဲ့
27 Dec 2022
0 Comments
Honor ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းအသစ် Honor 80 GT ကို
တရုတ်နိုင်ငံမှာ ယမန်နေ့က ကြေညာခဲ့ပါတယ်။
6.67-inch OLED မျက်နှာပြင်၊ 120 Hz Refresh Rate၊ 300 Hz Touch
Sampling Rate၊ အမြင့်ဆုံး Brightness 1400 nits နဲ့ 2160 Hz PWM
Dimming ကို အထောက်အပံ့ပေးပါမယ်။
Snapdragon 8+ Gen 1 Chip ကို အသုံးပြုထားပြီး Game Frame Rate ကို
၁၀၀% အထိ တိုးစေသလို ပါဝါသုံးစွဲမှုကို ၂၅% အထိ လျှော့ချပေးပါတယ်။
၄၃၈၆ မီလီမီတာရှိ VC Bionic Cooling System 2 နဲ့ ၀.၃၅ မီလီမီတာရှိ ပါးလွှာတဲ့
ကြေးနီကွက်၊ ၇၄ မီလီမီတာရှည်တဲ့ Bionic Fibers များပါရှိပြီး AI ထိန်းချုပ်ထားတဲ့
အသိဉာဏ်ရှိ အပူစီမံခန့်ခွဲမှုစနစ်လည်း ပါဝင်ပါတယ်။
Sony IMX800 Sensor သုံးထားတဲ့ 54 MP Main Camera နဲ့ 8 MP Ultrawide Camera ,
2 MO Macro Camera နဲ့ အရှေ့ဘက် 16 MP Selfie Camera တို့တပ်ဆင်ထားပါတယ်။
4800mAh Battery အတွက် 66W Fast Charging စနစ် ထောက်ပံ့ပေးထားပါတယ်။
*** HONOR 80 GT specs ***
- 6.67 inch Amoled curved edge screen, Full HD+ resolution, 120 Hz refresh rate, 100% DCI-P3 color gamut, 10 bit 1.07 billion colors, supports HDR 10, 1400 nits maximum brightness, high-frequency PWM dimming. 2160 Hz
- CPU: Snapdragon 8+ Gen 1
- GPU: Adreno 730
- RAM : 12 GB/16 GB Type LPDDR5
- ROM: 256 GB, type UFS 3.1
- Supports 2 Sim Cards
- Support 5G Dual Mode
- 3 rear cameras, resolution 54 + 8 + 2 million pixels, Sony IMX800 sensor, supports Ultra Wide Camera and Macro Camera, f/1.9 + f/2.2 + f/2.4
- 16MP front camera with f/2.4 aperture
- Support for face scanning
- Supports fingerprint scanning system under the screen
- Supports stereo speakers
- Support Wi-Fi 802.11ax (2.4GHz/5GHz), Bluetooth 5.2, GPS
- USB Type-C connection port
- Battery capacity: 4800 mAh + SuperCharge 66W fast charging system
- Operating system: Android 12 + Magic UI 7.0
- Size: 162.5×75.3×7.9mm.
- Weight : 187 grams
အရောင်တွေက - Meteor Blue , White နဲ့ Interstellar Black
စျေးနှုန်းတွေကတော့ ...
RAM 12 GB / ROM 256 GB ကို 3,299 ယွမ် (မြန်မာငွေ ခန့်မှန်း ၁၃ သိန်းကျော်)
RAM 16 GB / ROM 256 GB ကို 3,599 ယွမ် (မြန်မာငွေ ခန့်မှန်း ၁၅ သိန်းဝန်းကျင်) နဲ့
ယနေ့မှစ ကြိုတင်မှာယူနိုင်ပြီး ဇန်နဝါရီ (၁) ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။
Source : FoneArena
#HONOR #Honor80GT
#Smartphone #Honor80
Tags:
Leave a comment
All blog comments are checked prior to publishing