iPhone XR ဒီဇိုင်းနဲ့ iPhone SE 4 ကို လာမယ့် (၂၀၂၄) မှာ မြင်တွေ့လာနိုင်

Display Analyst ဖြစ်သူ Ross Young က စတုတ္ထမျိုးဆက် iPhone SE ကို
6.1-inch Display နဲ့ Notch ပါလာနိုင်ချေရှိပြီး (၂၀၂၃) ခုနှစ်မှာ စတင်ရောင်းချဖို့
စီစဉ်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။
နောက်ထပ်ပြောင်းလဲမှုအနေနဲ့ Dynamic Island (သို့) Fun Island ပါဝင်နိုင်ပြီး
Touch ID အစား Face ID ကို အသုံးပြုနိုင်ဖို့ TrueDepth ကင်မရာလည်း ပါလာ
နိုင်ပါတယ်။

နောက်ထပ် Analyst ဖြစ်သူ Ming-Chi Kuo က ကုန်ကျစရိတ်သက်သာဖို့
Face ID မပါလာဘဲ Touch ID ပဲ ပါလာမယ်လို့ ပြောဆိုထားတာမို့
iPhone SE 4 ဟာ iPhone XR ထက် အနည်းငယ် ကျဉ်းမြောင်းသွားမှာပါ။
ဒါပေမယ့် ခန့်မှန်းချက်တွေဟာ အမြဲ ပြောင်းလဲနေတာမို့ ထွက်မယ့်အချိန်
နီးကပ်လာရင် တိကျတဲ့အဖြေတော့ သိရပါလိမ့်မယ်။ Apple Track ကတော့
iPhone SE 4 ကို (၂၀၂၃) မှာ ထွက်မယ်လို့ သတင်းထွက်ပေါ်ခဲ့သော်လည်း
ယခုအခါမှာတော့ (၂၀၂၄) မှ ဖြစ်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
Source : macrumors
#iPhoneSE4 #iPhoneSE
#Apple #iPhone #2024
Tags: