Redmi K60 Series ကို ယမန်နေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့
Redmi K60 Series တွေဖြစ်တဲ့ Redmi K60E, K60 နဲ့ K60 Pro စမတ်ဖုန်းတွေကို
တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။
Redmi K60 Pro ကို 6.67-inch 2K AMOLED မျက်နှာပြင်၊ အမြင့်ဆုံး Brightness
1400 nits, 120 Hz Refresh Rate , HDR10+ , Dolby Vision နဲ့ 1920 Hz PWM
HD Light Reduction တို့ အထောက်အပံ့ရပါမယ်။ Snapdragon 8 Gen 2 Chip ကို
အသုံးပြုထားပြီး အအေးခံဧရိယာ 6933mm² နဲ့ ကြီးမားတဲ့ 5000mm² VC အအေးပေး
စနစ်တို့ ပါဝင်သလို LPDDR5X RAM up to 16 GB နဲ့ UFS 4.0 ROM up to 512 GB
အထိ ပါရှိပါမယ်။ အနောက်ဘက် ကင်မရာ (၃) လုံးမှာ Sony IMX800 50MP Sensor ,
OIS + EIS နဲ့ Cyberfocus 2.0 နည်းပညာများ ပါဝင်တယ်လို့ ဆိုပါတယ်။
Redmi K60 က မျက်နှာပြင်တူပေမယ့် Snapdragon 8+ Gen 1 Chip ကိုသာ သုံးထားပြီး
LPDDR5 RAM up to 16 GB နဲ့ UFS 3.1 ROM up to 512 GB အထိ ပါရှိပါမယ်။
Main Camera က OIS ပါဝင်တဲ့ 64MP Camera တပ်ဆင်ပေးထားပါတယ်။
Redmi K60E မှာ 2K AMOLED မျက်နှာပြင်၊ Dimensity 8200 Chip, 3750mm² VC
အအေးပေးစနစ် ပါဝင်ပြီး LPDDR5 RAM up to 12 GB နဲ့ UFS 3.1 ROM up to 512 GB
အထိ ပါရှိပါမယ်။ Main Camera က OIS ပါဝင်တဲ့ 48MP Camera တပ်ပေးထားပါတယ်။
Battery အနေနဲ့ Redmi K60 Pro မှာ 5000mAh ကို 120W Fast Charging စနစ်ပါရှိပြီး
Redmi K60 နဲ့ K60E မှာ 5500mAh ကို 67W Fast Charging စနစ် ပါရှိပါတယ်။ K60 နဲ့
K60 Pro မှာ 30W Wireless Charging စနစ် အထောက်အပံ့ရပြီး Redmi စမတ်ဖုန်းရဲ့
ပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ပါ စမတ်ဖုန်းများဖြစ်လာပါမယ်။
*** Redmi K60, K60 Pro and K60 E Specs ***
K60 and K60 Pro - 6.67-inch TCL Amoled screen, 2K resolution (3200 x 1440 pixels), 12 bit, 20: 9 aspect ratio, 120 Hz refresh rate, Touch Sampling Rate 480 Hz, PWM high frequency dimming 1920 Hz, brightness Up to 1400 nits , 5,000,000 : 1 contrast ratio , HDR10+ , Dolby Vision
K60E - Samsung Amoled screen, size 6.67 inches, 2K resolution (3200×1440 pixels), 8 bit, aspect ratio 20: 9, refresh rate 120 Hz, Touch Sampling Rate 480 Hz, maximum brightness 1200 nits, HDR10+
K60 Pro – Snapdragon 8 Gen 2 Chipset with Adreno 740 GPU
K60 – Snapdragon 8+ Gen 1 chipset with Adreno 730 GPU
K60E – MediaTek Dimensity 8200 Chipset with Mali-G610 MC6 GPU
K60 Pro – RAM 8 GB / 12 GB / 16 GB LPPDDR5x 8533 Mbps with ROM 128 GB (UFS 3.1) / 256GB / 512GB (UFS 4.0)
K60 – RAM 8 GB / 12 GB / 16 GB LPPDDR5 with ROM 128 GB / 256 GB / 512 GB type UFS 3.1
K60E – RAM 8 GB / 12 GB LPPDDR5 with ROM 128GB / 256GB / 512GB type UFS 3.1
- Supports 2 Sim Cards
- Support 5G Dual Mode
K60 Pro – 50MP rear camera with Sony IMX800 sensor, 1/ 1.49″ size, f/1.88 aperture, OIS + EIS, 8MP Ultra Wide Camera, 120° wide angle with f/2.2 aperture, Macro 2 camera. Megapixel with f/2.4 aperture, 8K video recording
K60 – 64MP rear camera with Omnivision OV64B sensor, OIS + EIS, 8MP ultra-wide camera, 120° wide angle with f/2.2 aperture, 2MP macro camera with f/2.4 aperture.
K60E – 48MP rear camera with OIS, 8MP ultra-wide camera, 120° wide angle with f/2.2 aperture, 2MP macro camera with f/2.4 aperture.
- Front camera 16 megapixels (K60 and K60 Pro) / 20 megapixels (K60E)
- Supports face scanning system
- Supports on-screen fingerprint scanning system
- Supports cooling system VC Cooling
- Supports dual speakers Stereo + Dolby Atmos
- Support Wi-Fi 6E 802.11 ax, Bluetooth 5.3, GPS (L1 + L5), NavIC, IR Infrared , NFC
- USB Type-C connection port
- 5000 mAh (K60 Pro) / 5500 mAh (K60 and K60E) battery with 120W fast charging (K60 Pro) / 67W (K60 and K60E) supports 30W wireless charging (K60 Pro and K60 )
- Operating system: Android 13 + MIUI 14
- Size: 162.78×75.44×8.59 mm. (glass) / 8.79 mm. (leather)
- Weight: 205 grams (glass) / 199 grams (leather)
စျေးနှုန်းတွေအနေနဲ့ ..
Redmi K60 Pro
RAM 8 GB / ROM 128 GB, ယွမ် 3,299 (မြန်မာငွေ ခန့်မှန်း ၁၃ သိန်းကျော်)
RAM 8 GB / ROM 256 GB, ယွမ် 3,599 (မြန်မာငွေ ခန့်မှန်း ၁၅ သိန်းကျော်)
RAM 12 GB / ROM 256 GB, ယွမ် 3,899 (မြန်မာငွေ ခန့်မှန်း ၁၆ သိန်းကျော်)
RAM 12 GB / ROM 512 GB, ယွမ် 4,299 (မြန်မာငွေ ခန့်မှန်း ၁၈ သိန်းကျော်)
RAM 16 GB / ROM 512 GB Champion Edition, ယွမ် 4,599 (မြန်မာငွေ ခန့်မှန်း သိန်း ၂၀ ဝန်းကျင်)
Redmi K60
RAM 8 GB / ROM 128 GB, ယွမ် 2,499 (မြန်မာငွေ ခန့်မှန်း ၁၀ သိန်းကျော်)
RAM 8 GB / ROM 256 GB, ယွမ် 2,699 (မြန်မာငွေ ခန့်မှန်း ၁၁ သိန်းကျော်)
RAM 12 GB / ROM 256 GB, ယွမ် 2,999 (မြန်မာငွေ ခန့်မှန်း ၁၂ သိန်းကျော်)
RAM 12 GB / ROM 512 GB, ယွမ် 3,299 (မြန်မာငွေ ခန့်မှန်း ၁၄ သိန်း ဝန်းကျင်)
RAM 16 GB / ROM 512 GB, ယွမ် 3,599 (မြန်မာငွေ ခန့်မှန်း ၁၅ သိန်းကျော်)
Redmi K60E
RAM 8 GB / ROM 128 GB, ယွမ် 2,199 (မြန်မာငွေ ခန့်မှန်း ၁၀ သိန်းဝန်းကျင်)
RAM 8 GB / ROM 256 GB, ယွမ် 2,399 (မြန်မာငွေ ခန့်မှန်း ၁၀ သိန်းကျော်)
RAM 12 GB / ROM 256 GB, ယွမ် 2,599 (မြန်မာငွေ ခန့်မှန်း ၁၁ သိန်းဝန်းကျင်)
RAM 12 GB / ROM 512 GB, ယွမ် 2,799 (မြန်မာငွေ ခန့်မှန်း ၁၂ သိန်းဝန်းကျင်)
ယနေ့မှစ ကြိုတင်မှာယူနိုင်ပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ တရုတ်နိုင်ငံမှာ စတင်
ရောင်းချမယ်လို့ သိရပါတယ်။
Source : FoneArena
#Redmi #RedmiK60
#RedmiK60Pro #RedmiK60E
#RedmiK60ProChampionEdition
Tags:
Leave a comment
All blog comments are checked prior to publishing