Twitter ကို ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူမှု ဖျက်သိမ်းလိုက်တဲ့ Elon Musk
==================================================
Tesla နဲ့ Space X တို့ရဲ့ CEO ဖြစ်သူ Elon Musk ဟာ ဒေါ်လာ ၄၄ ဘီလီယံနဲ့
Twitter ကို ဝယ်ယူမယ့်ဆုံးဖြတ်ချက် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
Reuters ရဲ့ အစီရင်ခံစာအရ သဘောတူညီချက်ပါ စည်းကမ်းချက်များကို
ချိုးဖောက်မှုများစွာ ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာတော့ Musk ဟာ Twitter ရဲ့ ရှယ်ယာတစ်စုကို ဒေါ်လာ (၅၄.၂၀)
ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ဧပြီလနှောင်းပိုင်းမှာတော့ ကမ်းလှမ်းမှုကို လက်ခံ
သဘောတူခဲ့ပါတယ်။ အဲ့အချိန်မှစ Musk ဟာ Spam (သို့) အကောင့်အတုများရဲ့
ပြဿနာအကြောင်း အဆက်မပြတ်ပြောခဲ့ပြီး အဓိကက Twitter ရဲ့ ဝန်ဆောင်မှု
တွေကို ပိုမိုတိုးတက်လာစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မေလအထိ Twitter ဟာ Spam (သို့) အကောင့်တုရဲ့ (၅%) သာ အရေးယူနေကြောင်း
ပြောဆိုချက်များကို မယုံကြည်တာကြောင့် ဝယ်ယူမှုကို ခေတ္တဆိုင်ငံထားလိုက်ပြီး
Twitter ရဲ့ Spam အကောင့်အရေအတွက်နဲ့ အချက်အလက်များကို တောင်းဆိုခဲ့
ပေမယ့် Twitter ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
Elon Musk ကတော့ Twitter ဟာ စာချုပ်ပါ အချက်အလက်များကို ကျေပွန်ခြင်း
မရှိကြောင်းနဲ့ သူတောင်းဆိုသော လုပ်ငန်းဆိုင်ရာအချက်အလက်များ မရရှိခဲ့ဟု
ပြောကြာခဲ့ပြီး Twitter ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဌ Bret Taylor ကတော့
ဘုတ်အဖွဲ့အနေနဲ့ ဝယ်ယူမှုကို အဆုံးသတ်လိုသော်လည်း သဘောတူညီချက်အရ
ဥပဒေအတိုင်း အမြင့်ဆုံးဆောင်ရွက်ဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
Source : Reuters
#MyGadgets
#ElonMusk #Twitter

Tags:

![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)
![[ Bundle ] REMAX Watch 28 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/91_5e34dbfa-e883-4621-bcd4-0732be31c5ee_165x.jpg?v=1781338692)