TWS နားကြပ်ပါတဲ့ Huawei Watch Buds ကို တရုတ်မှာ မိတ်ဆက်

Smartwatch နဲ့ TWS ပေါင်းစပ်ထားတဲ့ Huawei Watch Buds ကို တရုတ်နိုင်ငံမှာ
ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Huawei Watch Buds မှာ လက်ချောင်း
တစ်ချောင်းဖြင့် အဖုံးဖွင့်နိုင်မယ့် ပတ္တာပါဝင်တဲ့ Flip Cover ဒီဇိုင်း ကာဗာပါရှိပါတယ်။

အတွင်းဘက်မှာ သေးငယ်တဲ့ ကျည်ဆန်ဒီဇိုင်း နားကြပ်ပါရှိပြီး IP54 ရေစိုခံမှုကို ပံ့ပိုး
သော်လည်း အတွင်းထဲထိ ရေမဝင်ရဘူးဟု သတိပေးထားပါတယ်။ အလေးချိန် (၄) ဂရမ်
သာရှိပြီး နားကြပ်ရဲ့ ပတ်ပတ်လည်ကို ထိခြင်းဖြင့် အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို
ထိန်းချုပ်နိုင်ပါမယ်။ ANC နဲ့ Transparent Mode တို့ ပါဝင်ပြီး ကြည်လင်ပြတ်သားသော
ဖုန်းခေါ်ဆိုမှုတွေအတွက် AI Noise Reduction လည်း ပါဝင်တယ်လို့ သိရပါတယ်။


Watch Buds ကို 3D Curved Glass နဲ့ 1300°C Stainless Steel Body ဖြင့် ဖုံးအုပ်ထား
ပါတယ်။ 1.47-inch AMOLED မျက်နှာပြင်နဲ့ အချင်းက 47 mm ရှိပြီး 466 x 466 pixels
ရုပ်ထွက် ရှိပါမယ်။ Heart Rate Sensor , SpO2 , ECG , 80 Workout Modes, 200 Health
Course တို့ ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။

Battery 410mAh ပါဝင်လို့ (၃) ရက်ကြာ အသုံးပြုနိုင်တယ်လို့ဆိုပြီး နားကြပ်တစ်ဖက်စီမှာ
30mAh နဲ့ ANC ဖွင့်ထားရင် (၄) နာရီကြာ အသုံးပြုနိုင်ပါမယ်။

အဆိုပါ Watch Buds ကို တရုတ်ယွမ် ၂၉၈၈ (မြန်မာငွေခန့်မှန်း ၁၂ သိန်းဝန်းကျင်) ကျသင့်
မှာဖြစ်ပြီး တရုတ်နိုင်ငံတွင် စတင်ရောင်းချနေပြီဖြစ်ပါတယ်။
Source : Gizmochina
#MyGadgets
#Huawei #WatchBuds #Smartwatch
Tags: