ကင်မရာဒီဇိုင်းအပြောင်းအလဲတွေနဲ့ Galaxy S23+ ရဲ့ Renders ပုံများ

မကြာသေးခင်က ပေါက်ကြားလာတဲ့ သတင်းတွေကို အခြေခံထားပြီး
Smartprix ဝဘ်ဆိုဒ်မှ လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်မယ့် ....
Galaxy S23+ ရဲ့ Render ပုံများကို ထုတ်ပြန်ခဲ့ပါတယ်။

Render ပုံအရ ကျောဘက်မှာ သတ္တုဘောင်ကင်မရာ Module ဒီဇိုင်းကို
ဖယ်ထုတ်ထားပြီး S22 Ultra ရဲ့ ကင်မရာကဲ့သို့ အသွင်ပြောင်းထားတာ
တွေ့ရပါမယ်။ အရှေ့ဘက် မျက်နှာပြင်ဟာ S22+ နဲ့ ဆင်တူသော်လည်း
အရွယ်အစား အနည်းငယ်ကွာခြားပါမယ်။

နောက်ဆုံးထွက်ထားတဲ့ သတင်းတွေအရ S22 Series မှ Hardware အများစု
ကို ပြန်လည်အသုံးပြုလာနိုင်ပြီး Exynos Chip အစား Snapdragon 8 Gen 2
Chipset ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Source : SamMobile
#GalaxyS23+
#Samsung #Render
Tags: