Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

တရုတ်နိုင်ငံမှာ Xiaomi CIVI 2 ကို မိတ်ဆက်

by Aung Myat Shwe MZ 28 Sep 2022 0 Comments


Selfie ရိုက်ကူးမှုကို အဓိကထားလုပ်ဆောင်တဲ့ Xiaomi CIVI 2
စမတ်ဖုန်းအသစ်ကို မနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။


အရှေ့ဘက်ကို Capsule ဒီဇိုင်းနဲ့ Dual Selfie ကင်မရာပါဝင်ပြီး
အလင်းရောင်အားနည်းချိန်မှာ Selfie ရိုက်ဖို့ အရှေ့ဘက်မှာ
LED Flash ပါတဲ့ ပထမဆုံး Xiaomi ရဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။


ကင်မရာ (၂) လုံးက 32MP ဖြစ်ပြီး Main Camera က AF အထောက်အပံ့နဲ့
နောက်ကင်မရာတစ်ခုက Ultrawide ကင်မရာ ဖြစ်ပါတယ်။ ဒါ့အပြင်
အရှေ့ဘက်မျက်နှာပြင် အပေါ်ဘက်ဘောင်နားမှာ Dual-tone LED
Flash မီး (၄) လုံးပါရှိပြီး အလင်းရောင်များကို ချိန်ညှိပေးနိုင်စွမ်းရှိတယ်လို့
Xiaomi ဘက်က ဆိုပါတယ်။


Selfie ဝါသနာရှင်တွေအတွက် အထူးအာရုံစိုက်ထားပြီး 3D Tracking Beauty Mode,
Video Background Blur, Fancy Video Editors စတဲ့ AI Tricks တွေပါဝင်ပါတယ်။

Snapdragon 7 Gen 1 ကို အသုံးပြုထားပြီး 8/128 GB , 8/256 GB နဲ့
12/256 GB ဆိုပြီး ရွေးချယ်စရာ (၃) မျိုးရှိပါမယ်။

6.55-inch Full HD+ ကို 120Hz Refresh Rate အထောက်အပံ့ရပြီး
240Hz Touch Sampling Rate လည်း ရရှိပါမယ်။ ကျောဘက်ကင်မရာ (၃) လုံး
ပါရှိပြီး 50MP Sony IMX766 Sensor ပင်မကင်မရာ၊ 20MP Ultrawide နဲ့
2MP Macro Camera တို့ ပါဝင်ပြီး Battery 4500mAh ကို 67W Fast Charging
အထောက်အပံ့ရမယ်လို့ သိရပါတယ်။

Bluetooth 5.2 နဲ့ NFC တို့ ပံ့ပိုးပေးသော်လည်း MicroSD Card အပေါက်နဲ့
3.5mm Audio နားကြပ်ပေါက် မပါဘူးလို့ ဆိုပါတယ်။

စျေးနှုန်းတွေအနေနဲ့ ......

8/128 GB ကို တရုတ်ယွမ် ၂၃၉၉ (မြန်မာငွေ ခန့်မှန်း ၁၃ သိန်းဝန်းကျင်)

8/256 GB ကို တရုတ်ယွမ် ၂၄၉၉ (မြန်မာငွေ ခန့်မှန်း ၁၅ သိန်းဝန်းကျင်)

12/256 GB ကို တရုတ်ယွမ် ၂၇၉၉ (မြန်မာငွေ ခန့်မှန်း ၁၇ သိန်းဝန်းကျင်)

အရောင်အနေနဲ့ အဖြူ၊ ပန်းရောင်၊ အပြာ နဲ့ အနက်တို့ ရွေးချယ်နိုင်ပြီး
တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

#XiaomiCivi #Xiaomi
#Civi2 #Mi #CiviSeries

Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items