ZEISS ကင်မရာနဲ့ vivo X Fold+ ကို မိတ်ဆက်
===========================
Vivo အနေနဲ့ Foldable စမတ်ဖုန်းအသစ် vivo X Fold+ အသစ်ကို
တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။
Snapdragon 8+ Gen 1 ကို အသုံးပြုပေးထားပြီး နောက်ဘက်မှာ
ZEISS ကင်မရာ ပါဝင်တဲ့ ကင်မရာ (၄) လုံးနဲ့ LED Flash ပါဝင်တဲ့
စတုရန်းကင်မရာ Module နဲ့ ပုံဖော်ထားပါတယ်။ ညာဘက်အစွန်းမှာ
Alert Slider ခလုတ်တပ်ဆင်ထားပြီး ဘယ်ဘက်အစွန်းမှာ အသံ
အတိုးအကျယ်နဲ့ ပါဝါခလုတ်များ တပ်ဆင်ထားပါတယ်။
Unfold လုပ်ထားချိန် 8.03-inch ၊ 2K+ ရုပ်ထွက်၊ E5 AMOLED LTPO 2.0 နဲ့
120Hz Refresh Rate အထောက်အပံ့ရပြီး Aircraft-Grade ပတ္တာများ ကြောင့်
Folding အတွက် တစ်နေ့ အကြိမ် ၈၀ နဲ့ ၁၀ နှစ် အထိ ခံနိုင်ရည်ရှိမယ်လို့
သိရပါတယ်။
Folding ကို ၃၀ ဒီဂရီ၊ ၉၀ ဒီဂရီ နဲ့ ၁၂၀ ဒီဂရီ အထိ အမျိုးမျိုးသော ပုံစံဖြင့်
အသုံးပြုနိုင်ပြီး DisplayMate A+ လက်မှတ်ရရှိထားတဲ့ 6.53-inch E5 AMOLED
Full HD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate အထောက်အပံ့လည်းရပါမယ်။
ZEISS Camera စနစ်ပါဝင်တဲ့ 50MP Main Camera ကို Samsung ISOCELL GN5
Sensor နဲ့ 48MP Ultrawide Camera , 12MP Telephoto နဲ့ 8MP Periscope တို့
ပါဝင်ပါတယ်။
4730mAh Battery ကို 80W FastCharging နဲ့ 50W Wireless Charging တို့
အထောက်အပံ့ရပါမယ်။ Android 12 ကို Origin OS Ocean စနစ် မောင်းနှင်
ထားမယ်လို့ ဆိုပါတယ်။
*** vivo X Fold+ specs ***
- 6.53-inch E5 AMOLED outer display screen, Full HD + resolution
(2520 × 1080 pixels), refresh rate 120 Hz, Touch Sampling Rate 240 Hz,
aspect ratio 21: 9, supports HDR10 +, maximum brightness 1,200 nits,
supports Ultra Sonic under-screen fingerprint scanning system,
Display Mate A + covered with SCHOTT's Xensation α (Alpha) glass
- E5 Amoled LTPO 2.0 type foldable display screen, size 8.03 inches,
2K + resolution (2160 × 1916 pixels), refresh rate 120 Hz, supports
HDR10 +, aspect ratio 4: 3.55, maximum brightness 1,300 nits,
covered with glass SCHOTT's flexible ultra-thin glass (UTG),
supports fingerprint scanning system under the Ultra Sonic, Display Mate A+
- CPU: Snapdragon 8+ Gen 1
- GPU: Adreno 730
- RAM : 12 GB LPDDR5 type
- ROM : 256 GB/512 GB UFS 3.1 type
- Support 2 Sim Cards
- Support 5G Dual Mode
- Rear camera Zeiss Camera resolution 50 + 48 + 12 + 8 million pixels,
Samsung ISOCELL GN5 sensor, OIS, f / 1.8 + f / 2.2 + f / 2.0 + f / 3.4,
supports Ultra Wide 114 degrees, TelePhoto (2X Optical) Sony IMX633
Sensor and Periscope Lens (5X Optical) Sensor OV08A10 , OIS ,
60X Hybrid Zoom compatible , Laser Auto Focus compatible
- 16-megapixel external screen camera
- On-screen camera with a resolution of 16 million pixels.
- Image processing chip (ISP) vivo V1
- cooling system Superconducting Nano Cooling System
- Supports stereo + Hi-Res Audio dual speakers
- Support audio chip CS43131 Hi-Fi chip
- Support WiFi 6 / Bluetooth 5.2 / NFC
- Support for Alert Slider buttons
- USB Type-C connector port
- Battery: 4730 mAh + 80W Fast Charging and 50W Wireless Charging and 10W Reverse Wireless Charging
- Operating system Android 12 + Origin OS Ocean
အရောင်တွေက - အနီ၊ အပြာ၊ အနက် အရောင် (၃) မျိုးနဲ့
စျေးနှုန်းတွေက
12 GB + 256 GB ကို တရုတ်ယွမ် ၉,၉၉၉ (မြန်မာငွေခန့်မှန်း ၄၅ သိန်းကျော်)
12 GB + 512 GB ကို တရုတ်ယွမ် ၁၀,၉၉၉ (မြန်မာငွေခန့်မှန်း သိန်း ၅၀ ကျော်)
ဖြင့် ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ (၂၉) ရက်မှာတော့ တရုတ်နိုင်ငံမှာ စတင်
ရောင်းချမယ်လို့ သိရပါတယ်။
Source : Weibo
#VIVO #XFold+
#Foldable #Smartphone