Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

စက်တင်ဘာ (၂၇) တွင် မိတ်ဆက်မယ့် Xiaomi CIVI 2

by Aung Myat Shwe MZ 22 Sep 2022 0 Comments
=================================

(၂၀၂၁) ခုနှစ်မှာ Xiaomi CIVI ကို မိတ်ဆက်ခဲ့ပြီး ယခုအခါမှာတော့
Hellokitty ဒီဇိုင်းအနေအထားနဲ့ Xiaomi CIVI 2 ကို စက်တင်ဘာ (၂၇)
မှာ မိတ်ဆက်မယ်လို့ ကျောဘက်ဒီဇိုင်းနဲ့အတူ Weibo မှာ ကြေညာလိုက်ပါတယ်။

ပုံတွေအရ Xiaomi CIVI 2 ရဲ့ ကျောဘက်မှာ လှိုင်းပုံစံရှိပြီး ညာဘက်အစွန်းမှာ
အသံအတိုးအကျယ်နဲ့ ပါဝါခလုတ်ပါရှိပါတယ်။ အပေါ်ဘက်အစွန်းမှာ IR Blaster နဲ့
မိုက်ခရိုဖုန်းတစ်ခု ပါရှိပုံပေါ်သလို အောက်ခြေအစွန်းမှာတော့ SIM Card အပေါက်၊
မိုက်ခရိုဖုန်း၊ USB Type-C အပေါက်နဲ့ စပီကာတို့ ပါရှိပါမယ်။

အရှေ့ဘက်မှာ‌တော့ Capsule ပုံပါ 32MP ရှိတဲ့ ကင်မရာ (၂) လုံးနဲ့ OLED Curved
မျက်နှာပြင်ကို သုံးပေးထားပြီး ကျောဘက်မှာတော့ Native Beauty Portrait ပါတဲ့
ကင်မရာ (၃) လုံး ပါဝင်ပါမယ်။ အရှေ့ဘက် Capsule ကိုတေ့ာ ဘယ်လို Feature တွေ
ထည့်သွင်းလာမလဲဆိုတာ မိတ်ဆက်ပွဲနေ့ကျ စောင့်ကြည့်ရမယ့် အနေအထားပါ။

အဆိုပါ CIVI 2 ကိုလည်း မိန်းကလေးများအကြိုက် Hello Kitty နဲ့ ပူးပေါင်း
လုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Global စျေးကွက်ကို Xiaomi 13 Lite
အနေနဲ့ တင်သွင်းရောင်းချနိုင်ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သီးခြား
အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကနဦး သိရတဲ့ အချက်အလက်တွေက ..

- 6.56 inch 120 Hz OLED display, Full HD + resolution
- Snapdragon 7 Gen 1 Chipset
- RAM LPDDR5 up to 12 GB
- UFS 3.1 ROM up to 256GB
- 3 rear cameras, resolution 50 + 8 + 2 million pixels,
supports OIS, supports Ultra Wide and Macro lenses.
- Dual front camera, resolution 32 + 32 million pixels
- Support for face scanning
- Support for fingerprint scanning under the screen
- Supports stereo speakers + Dolby Atmos sound system
- USB Type-C connector port
- 4500 mAh battery + 67W fast charging system
- Operating system: Android 12 + MIUI 13
- Thickness : 7.23 mm.
- Weight : 171 grams

Source : Weibo

#Xiaomi #CIVI2
#Sep27 #ComingSoon

Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items