Dynamic Island အတွက် ပြိုင်ပွဲကျင်းပနေတဲ့ Realme
Dynamic Island နဲ့ ဆင်တူတဲ့ Feature တစ်ခုအတွက်
Realme မှ ဒီဇိုင်းပြိုင်ပွဲတစ်ခု ကျင်းပပြုလုပ်နေ ...
iPhone 14 Pro ရဲ့ Dynamic Island Feature ဟာ စမတ်ဖုန်းလောကမှာ
ပြောစမှတ်တွင်နေတာကြောင့် Realme Global Community မှ
Realme Devices များမှာ Dynamic Island လို Feature ကို ဘယ်လိုမျိုး
တီထွင်ဖန်တီး အသုံးပြုရမလဲဆိုတာ Creators Challenge အနေနဲ့
Dream Island လို့ခေါ်တဲ့ ပြိုင်ပွဲတစ်ခု ကျင်းပလိုက်ပါတယ်။
အဆိုပါပြိုင်ပွဲကို Google Form မှတစ်ဆင့် ပုံဆွဲခြင်း၊ GIF ဖြင့် ပြသခြင်း၊
ပုံသဏ္ဍာန်နှင့် အလုပ်လုပ်ပုံကို ရှင်းပြခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့
ဆိုပါတယ်။
Realme Global မှ အကောင်းဆုံးအဆိုပြုချက်နှင့် အကြံဉာဏ် (၃) ခုကို
ရွေးချယ်ပြီး မဲ အများဆုံးရသူကို Community ရဲ့ ပင်မစာမျက်နှာမှာ
ပြသထားမှာဖြစ်သလို အဆိုပါဆုရရှိသူကို ဂုဏ်ပြုဆုချီးမြှင့်ပေးဦးမှာဖြစ်ပါတယ်။
စက်တင်ဘာ (၂၂) ရက်အထိ ယှဉ်ပြိုင်နိုင်ပြီး စက်တင်ဘာ (၂၃) ရက်မှာ မဲပေးမှု
စတင်ပါမယ်။ စက်တင်ဘာ (၂၆) ရက်မှာတော့ မဲအများဆုံးရရှိသူကို ကြေညာမှာ
ဖြစ်ပါတယ်။
Source : RealmeCommunity
#DreamIsland #Realme