" ဒီနှစ်အတွက် iPhone 14 Series ရဲ့ အထင်ရှားဆုံးအရောင်က ?? "

0 comments


မကြာသေးမီက အရောင်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်
ပေါက်ကြားခဲ့ပြီးနောက် Apple Lab မှ ယခုနှစ်အတွက် အထင်ရှားဆုံးအရောင်မှာ
ခရမ်းရောင် ဖြစ်မယ်လို့ Render ပုံများနဲ့အတူ အဆုံးအဖြတ်ပေးလိုက်ပါတယ်။
နောက်ထပ်ရရှိထားတဲ့ သတင်းများအရ အလင်းရောင်အခြေအနေပေါ် မူတည်ပြီး
အရောင်ပြောင်းနိုင်မယ့် ထူးခြားတဲ့ Texture ပါရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ရက်က Quick Review Lab ကနေ iPhone 14 Series နဲ့ ပတ်သက်တဲ့
Mold အလုံးများ ပေါက်ကြားလာပြီး iPhone 14 Mini အစား iPhone 14 Plus (သို့)
iPhone 14 Max ဖြစ်မယ်လို့ ပြောဆိုခန့်မှန်းနေခဲ့တာပါ...
 
နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ iPhone 14 Pro နဲ့ 14 Pro Max တို့မှာ
Camera Module အရွယ်အစား အနည်းငယ်ကြီးမားလာပြီး ရှေ့ဘက်မျက်နှာပြင်က
Notch အစား Hole + Pill ဒီဇိုင်းနဲ့ Pro မဟုတ်တဲ့ ဗားရှင်းတွေမှာတော့
Notch က ပါလာဦးမှာဖြစ်ပါတယ်။
iPhone 14 တွေအတွက်က - Midnight, Starlight, Sky Blue, Red နဲ့ Dark Purple
 
iPhone 14 Pro တွေအတွက်က - Moonlight, Meadow Purple, Silver နဲ့ Gold တို့ ဖြစ်ပါမယ်။
 
အဆိုပါ iPhone 14 Series ကိုတော့ စက်တင်ဘာလမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရင်း
 
My Gadgets ပရိသတ်တို့ရော Purple အရောင်လေးကို ကြိုက်နှစ်သက်ရဲ့လား....
 
Source : applelab
 
#MyGadgets
#iPhone14Series #Purple
#DarkPurple #MeadowPurple

Leave a comment

All blog comments are checked prior to publishing
You have successfully subscribed!
This email has been registered