Sidebar
Categories
- Brands
- Accessories
- Headphones / Speakers
- Screen / Lens Protector
- Apple Case
Recent Articles
-
ကမ္ဘာ့အမြန်ဆုံး 240W အားသွင်းစနစ်နဲ့ Realme GT Neo 5 ကို မိတ်ဆက် February 10, 2023
-
ဖေဖော်ဝါရီ (၂၆) မှာ Global Launch လုပ်မယ့် Xiaomi 13 Pro February 09, 2023
-
သံလိုက်ကီးဘုတ်နဲ့ Stylus Pen ပါရှိမယ့် OnePlus Pad ကို မိတ်ဆက်မယ် February 06, 2023
ဖေဖော်ဝါရီ (၂၆) မှာ Global Launch လုပ်မယ့် Xiaomi 13 Pro

ယမန်နှစ် ဒီဇင်ဘာက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Xiaomi 13 Pro ကို
လာမယ့် ဖေဖော်ဝါရီ (၂၆) ရက်နေ့မျာ Global Launch လုပ်မယ်လို့
Xiaomi ဘက်က အတည်ပြုကြေညာလိုက်ပါတယ်။
Xiaomi 12S Series အပြီးမှာ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း Xiaomi 13 Pro
ဟာ Leica နဲ့ ပူးပေါင်းပြီး တရုတ်နိုင်ငံပြင်ပမှာ ဖြန့်ချိခြင်းမရှိတဲ့ စမတ်ဖုန်းတစ်လုံး
ဖြစ်ပါတယ်။ နောက်ဆုံးတော့ Xiaomi 13 Pro ကို နိုင်ငံတကာစျေးကွက်မှာ စတင်
ရောင်းချတော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် Teaser မှာ Series မဟုတ်ဘဲ Pro ကိုသာ
သုံးနှုန်းထားတာကြောင့် Xiaomi 13 ကို မိတ်ဆက်ဖို့ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
Xiaomi CEO Lei Jun ကတော့ " The Xiaomi 13 Series Launch event is on
February 26th! " လို့ သုံးနှုန်းထားတာကြောင့် Xiaomi 12 မပါဘဲ Xiaomi 12 Pro
ကိုသာ ရောင်းချနေတဲ့ အိန္ဒိယလို နိုင်ငံအချို့မှာ ကန့်သတ်ထားနိုင်ပြီး ထိုင်းအပါအဝင်
အခြားနိုင်ငံတွေမှာတော့ ပုံမှန်ရောင်းချနိုင်မယ်လို့ ထင်ပါတယ်။
Xiaomi 13 Pro ရဲ့ Global Launch ကို ဖေဖော်ဝါရီ (၂၆) ရက်၊ မြန်မာစံတော်ချိန်
ည (၁၀) နာရီခွဲမှာ ပြုလုပ်မှာဖြစ်ပြီး Xiaomi Website , FaceBook , YouTube နဲ့
Twitter အကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတဲ့ Xiaomi 13 Series အကြောင်း
https://www.facebook.com/mygadgetsmm/posts/678108313770498
Source : Xiaomi
#Xiaomi #Xiaomi13Pro
#GlobalLaunch #Xiaomi13 #smartphone