Sidebar
Categories
- Brands
- Accessories
- Headphones / Speakers
- Screen / Lens Protector
- Apple Case
Recent Articles
-
ကမ္ဘာ့အမြန်ဆုံး 240W အားသွင်းစနစ်နဲ့ Realme GT Neo 5 ကို မိတ်ဆက် February 10, 2023
-
ဖေဖော်ဝါရီ (၂၆) မှာ Global Launch လုပ်မယ့် Xiaomi 13 Pro February 09, 2023
-
သံလိုက်ကီးဘုတ်နဲ့ Stylus Pen ပါရှိမယ့် OnePlus Pad ကို မိတ်ဆက်မယ် February 06, 2023
သံလိုက်ကီးဘုတ်နဲ့ Stylus Pen ပါရှိမယ့် OnePlus Pad ကို မိတ်ဆက်မယ်

OnePlus ကုမ္ပဏီအတွက် ပထမဆုံး Tablet ဖြစ်လာမယ့် OnePlus Pad ကို လာမယ့်
ဖေဖော်ဝါရီ (၇) ရက်နေ့ OnePlus 11 Event မှာ မိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

OnePlus Pad ဟာ ဘူးအတွင်း သံလိုက်ကီးဘုတ်နဲ့ Stylus Pen တစ်ခုပါလာမှာဖြစ်ကြောင်း
OnePlus ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါဟာ ပါဝင်လာလေ့မရှိတာကြောင့်
သုံးစွဲသူတွေအတွက် သတင်းကောင်းဖြစ်တယ်လို့ ဆိုပါတယ်။


Teaser ပုံမှာတော့ အစိမ်းရောင် ကို မြင်ရမှာဖြစ်ပြီး ကျောဘက်မှာ LED Flash မီးပါတဲ့
စက်ဝိုင်းကင်မရာတစ်လုံးကို တွေ့မြင်ရပါမယ်။ အထက်ပါ အချက်အလက်အပြင်
အသေးစိတ်အချက်အလက်များ မသိရသေးပေမယ့် အခြား ထွက်ရှိထားတဲ့ သတင်းတွေ
ကတော့ ၁၁.၆ လက်မအရွယ်၊ 2K ရုပ်ထွက်နဲ့ 144 Hz Refresh Rate , HDR10+ နဲ့
Dolby Vision တို့ ပါဝင်မှာဖြစ်ပြီး Dimensity 9000 Processor ကို အသုံးပြုလာမယ်လို့
ဆိုပါတယ်။ Battery 8640mAh ကိုမှ 67W Fast Charging စနစ် အထောက်အပံ့နဲ့
ထွက်လာပါမယ်။

🔴 OnePlus Pad ပဏာမသတ်မှတ်ချက်များ
- 11.6-inch IPS LCD screen, 2K resolution, 144 Hz refresh rate, support HDR10+ and Dolby Vision.
- CPU: MediaTek Dimensity 9000
- RAM : 8 GB/12 GB
- ROM : 128GB/256GB/512GB
- 13 megapixel rear camera
- 8 megapixel front camera
- Stylus pen support
- USB Type-C connection port
- Battery: 8640 mAh + 67W fast charging system
- Operating system: Android 13 + OxygenOS 13
Source : Gizmochina
#OnePlus #OnePlusPad
#Tablet #NeverSettle #Launched