Pixel 7 Series မှာ အနောက်ကင်မရာမှန်ကွဲခြင်းများ ကြုံတွေ့နေရ

0 comments

အကောငးဆုံး စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Google Pixel 7 Series ဟာ
အကြောင်းပြချက်မရှိ အနောက်ကင်မရာမှန်များ ကွဲသွားတယ်လို့ သုံးစွဲသူ
အများအပြားက ဆိုပါတယ်။

Twitter ပေါ်ရှိ Pixel 7 နဲ့ Pixel 7 Pro ပုံတို့မှာ ကွဲအက်နေသော အနောက်ကင်မရာ
မှန်များကို တွေ့ရပြီး ပြုတ်ကျခြင်း (သို့) ဆောင့်မိခြင်းကြောင့် မဟုတ်ဘူးလို့
ငြင်းဆိုထားကြပါတယ်။

အသုံးပြုသူများပြားလာတာနဲ့အမျှ အဆိုပါပြဿနာကို ကြုံတွေ့နေရသူများလာပြီး
အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။ သို့သော် အားလုံးပြောဆိုကြတာက
အပူချိန်မြင့်မားတာနဲ့ ဆက်စပ်ပုံရမယ်လို့ ဆိုပါတယ်။ အသုံးပြုသူတစ်ဦးကတော့
၎င်းဟာ 16°C အခန်းမှ -2°C ဧရိယာကိုရွှေ့ပြီးနောက်ကွဲအက်သွားပြီး နောက်ထပ်
တစ်ဦးကတော့ -15°C နဲ့ ထိတွေ့ချိန်မှာ မှန်က ကြွပ်ဆတ်သွားသလို ဖြစ်ပြီး ကွဲအက်
သွားတယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်တာက ထုတ်လုပ်မှု ဒါမှမဟုတ် ဒီဇိုင်းမှာ ချို့ယွင်းချက်ဖြစ်ပေါ်နေပြီး အလိုလို
ကွဲအက်စေနိုင်တဲ့ ဖိအားမျိုးရှိခဲ့ရင် သုံးစွဲသူအနေနဲ့ ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။
Pixel 7 မှာ အဖြစ်များသော်လည်း Pixel 7 Pro မှာလည်းဖြစ်တယ်လို့ အသုံးပြုသူ
အချို့ကပြောပါတယ်။

အသုံးပြုသူတွေအနေနဲ့ Google Custoemr Support က ဖြေရှင်းပေးနိုင်မယ်လို့
မျှော်လင့်ပြီး အာမခံအနေနဲ့ အကြုံးဝင်မှာသေချာတယ်လို့ ဆိုပါတယ်။ သို့သော်လည်း
အချို့ အသုံးပြုသူများဟာ အဆိုပါပြဿနာအတွက် Google ရဲ့ အာမခံကို ခံစားခွင့်
မရဘူးလို့လည်း ပြောဆိုပါတယ်။ အခြေအနေကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပါ ..

Source : 9to5Google

#PixelSeries #Google
#Pixel7Series

Leave a comment

All blog comments are checked prior to publishing
You have successfully subscribed!
This email has been registered

Net Orders Checkout

Item Price Qty Total
Subtotal K 0
Shipping
Total

Shipping Address

Shipping Methods