ရုရှားသို့ ထုတ်ကုန်များရောင်းချခြင်းကို ရပ်ဆိုင်းတော့မည့် SAMSUNG
" ရုရှားသို့ ထုတ်ကုန်များရောင်းချခြင်းကို ရပ်ဆိုင်းတော့မည့် SAMSUNG "

ယူကရိန်းဒုတိယဝန်ကြီးချုပ်က ရုရှားမှာရှိတဲ့ SAMSUNG ထုတ်ကုန်များ
ရောင်းချခြင်းကို ရပ်တန့်ရန် SAMSUNG ထံ စာရေးသားပြီး နောက်...
ကုမ္ပဏီဘက်က ရုရှားသို့ စမတ်ဖုန်းများ၊ Chipset များနဲ့ အခြားသော
ထုတ်ကုန်များအားလုံးကို ရောင်းချခြင်းအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း
ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီအများအပြားက ရုရှားမှာရှိတဲ့ ၎င်းတို့ရဲ့
ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ပထမဆုံး Apple က တရားဝင်ကြေညာပြီးနောက် SAMSUNG၊
Microsoft နဲ့ HP တို့ကလည်း ပူးပေါင်းပါဝင်လာပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအတွက်
ဒေါ်လာ (၆) သန်းနဲ့ လူသုံးအီလက်ထရောနစ်ပစ္စည်းတွေအတွက်
ဒေါ်လာ (၁) သန်း လှူဒါန်းမယ်လို့ SAMSUNG ကပြောပါတယ်။
SAMSUNG အနေနဲ့ ရုရှားဈေးကွက်မှာ Apple ထက် နှစ်ဆကျော်
ဈေးကွက်ဝေစုရဲ့ (၃၀%) ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဝင်ငွေရဲ့ (၄%) နီးပါးကို
ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများမှ
ကင်းလွတ်ခွင့်ပေးထားသောကြောင့် ယခုလုပ်ရပ်ဟာ SAMSUNG ရဲ့
ကိုယ်ပိုင်ဆန္ဒအလျောက် ခက်ခဲတဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။
Korea Air Lines အပါအဝင် ကုန်စည်ပို့ဆောင်ရေး အော်ပရေတာတွေ
မှန်သမျှ ၎င်းတို့ရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုများကို ရပ်ဆိုင်းလိုက်ပြီး လက်ရှိအချိန်
ရုရှားနိုင်ငံသို့ ကုန်စည်ပို့ဆောင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်လို့ သိရပါတယ်။
Source : sammobile
#MyGadgets
#Samsung

Tags: