" ရှေ့ပြေးပုံစံ ဓါတ်ပုံများထွက်ပေါ်လာတဲ့ Xiaomi 12 Ultra "

0 comments
မျှော်လင့်ထားတာထက် သေးငယ်တဲ့ ကျောဘက်ကင်မရာနဲ့
Xiaomi 12 Ultra (သို့မဟုတ်) Xiaomi 12S !!
အမှန်တကယ် ပုံတွေလို့ ထင်ရလောက်အောင်...
ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအတိုင်း ပုံဖော်ထားတာ တွေ့ရပါတယ်။
Super Premium Android Smartphone အဖြစ် စက်ဝိုင်းကြီး
တစ်ခုအတွင်း Rear Cameras (၅) ခုအထိ အံဝင်ခွင်ကျဖြစ်အောင်
ဒီဇိုင်း ထုတ်ထားတဲ့ Camera Module မှာ Leica နဲ့ ပူးပေါင်း
ထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Weibo မှာ တင်ထားတဲ့ပုံမှာတော့ 3 Rear Cameras နဲ့ Flash Module
တစ်ခုသာ ပါရှိပြီး ထိပ်မှာတော့ 10/12-100mm AI Camera ဆိုတဲ့
စာသားပါရှိတာဖြစ်လို့ Xiaomi 12S လို့လည်း ခန့်မှန်းနေကြပါတယ်။
သတင်းတွေအရ Xiaomi 12 Ultra ဟာ 6.5-inches ကနေ 6.6-inches
မျက်နှာပြင်နဲ့ 2K Resolution ပါရှိမှာဖြစ်ပြီး Snapdragon 8 Gen 1 Plus
Chipset အသုံးပြုလာမယ့်အပြင် 4900mAh Battery ကို 120W Fast Charging
စနစ်လည်း အထောက်အပံ့ရမယ်လို့ ဆိုပါတယ်။
 
မကြာခင် Qualcomm က Snapdragon 8 Gen 1 Plus ကို မိတ်ဆက်မှာဖြစ်ပြီး
အဆိုပါ Chipset ကို အသုံးပြုလာမယ်ဆိုရင် ဇွန်လလယ် (သို့) ဇူလိုင်လမှာ
မိတ်ဆက်လာနိုင်မယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုနိုင်ခြင်းတော့
မရှိသေးပါဘူး။ နောက်ထပ် သိရတာနဲ့ My Gadgets ပရိသတ်တွေအတွက်
တင်ဆက်ပေးဦးမှာဖြစ်လို့ မျက်ခြေမပြတ် စောင့်ကြည့်ထားကြနော်...
 
Source : notebookcheck
 
#MyGadgets
#Xiaomi12Ultra #Xiaomi12S
#ComingSoon

Leave a comment

All blog comments are checked prior to publishing
You have successfully subscribed!
This email has been registered

Net Orders Checkout

Item Price Qty Total
Subtotal K 0
Shipping
Total

Shipping Address

Shipping Methods