လျှပ်စစ်ကားလောကကို ခြေလှမ်းချဖို့ ပြင်နေတဲ့ Xiaomi
=================================
Xiaomi အနေနဲ့ Xiaomi လျှပ်စစ်ကား (EV Car) ရှေ့ပြေးပုံစံကို လာမယ့်
ဩဂုတ်လမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အခုနောက်ပိုင်း လျှပ်စစ်ကားများဟာ ကားထုတ်လုပ်သူများအကြား
ရေပန်းစားနေပြီး ကားထုတ်လုပ်တဲ့ ကုမ္ပဏီအများစုကလည်း အနာဂတ်မှာ
လျှပ်စစ်ကားများက အဓိကဖြစ်လာနိုင်သလို (၂၀၃၀) ခုနှစ်မှာ Hybrid Electric
ကားများဟာ ကားစျေးကွက်ကို လွှမ်းမိုးလာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
Apple အနေနဲ့ လျှပ်စစ်ကားများကို မိတ်ဆက်မယ်လို့ သတင်းထွက်နေသော်လည်း
ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာ မသိရသေးသလို Xiaomi အနေနဲ့တော့ သတင်း
ထွက်နေတဲ့အတိုင်း ဩဂုတ်လမှာ Xiaomi Car ရှေ့ပြေးပုံစံ နမူနာကို မိတ်ဆက်ဖို့
ပြင်ဆင်နေပြီး လာမယ့် (၁၀) နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်
လို့ ကုမ္ပဏီဘက်က ကတိပြုထားပါတယ်။ ဒါပေမယ့် စီးပွားဖြစ်ထုတ်လုပ်မှာတော့
(၂၀၂၄) မှ ဖြစ်နိုင်ပါမယ်။
WM Motor ရဲ့ Maven Concept ကားကို ဖန်တီးခဲ့တဲ့ HVST Automobile Design က
Xiaomi လျှပ်စစ်ကားဒီဇိုင်းကို ဖန်တီးခဲ့တာဖြစ်ပြီး ရှေ့ပြေးပုံစံ မိတ်ဆက်ပွဲပြီးတာနဲ့
စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ကြေငြာခြင်း လုပ်ငန်းများ စတင်မယ်လို့ ဆိုပါတယ်။
Xiaomi ကားထုတ်လုပ်ရေးစက်ရုံ ကို Yizhuang မှာ တည်ဆောက်မှာဖြစ်ပြီး
သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို Shanghai မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။
Source : Gizchina
#XiaomiEVCar #XiaomiCar
#ComingSoon

Tags:

![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)
![[ Bundle ] REMAX Watch 28 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/91_5e34dbfa-e883-4621-bcd4-0732be31c5ee_165x.jpg?v=1781338692)