Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

သိန်း ၁၀၀ တန်ကင်မရာ ပဲလား ဆိုတော့ ၃၅ သိန်းတန် Xperia Pro ဖုန်းကိုပါ ထုတ်ရောင်း လိုက်သတဲ့..

by REMAX Online Shop 27 Jan 2021 0 Comments

ဒီတစ်ခေါက်တော့ Sony က တော်တော်လေး ကြမ်းတယ်လို့ ပြောရမှာပါ..

 

အားလုံး မျှော်လင့်ထားကြတဲ့

Xperia Pro Smart Phone ကို Sony က

US မှာ စတင် ရောင်းချ လိုက်ပြီ ဖြစ်ပါတယ်..

အဆိုပါဖုန်းက Sony ရဲ့ ပထမဆုံး

5G Network အထောက်အပံ့ပြု စမတ်ဖုန်း ဆိုလည်း

မမှားပါဘူး...

 

သူ့ရဲ့ ထူးခြားချက် ကတော့ Camera တစ်လုံးရဲ့

ပြင်ပ Monitor Display အနေနဲ့ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်..

Sony က သူ့ရဲ့ ထုတ်ကုန်များကို Professional တွေအတွက် ရည်ရွယ်ပုံရပါတယ်..

 

Xperia Pro ကို HDMI Cable နဲ့ ချိတ်ပြီး

Camera ရဲ့ Monitor အနေနဲ့ သုံးနိုင်မယ့်အပြင်

5G Network မှတဆင့် Facebook နဲ့ YouTube လို Online Platform တွေမှာပါ အမြန်ဆုံး Live လွှင့်တင် နိုင်မှာပါ..

Sony က Europe မှာတော့ လောလောဆယ် Xperia Pro ကို မရောင်းချသေးပါဘူး လို့ ဆိုပါတယ်..

အပြင်ပိုင်းကတော့ Xperia 1 II နဲ့ တူပေမယ့် ဒီဖုန်းမှာ Snapdragon 865 Processor ကို အသုံးပြုလာ ပါတယ်..

 

Battery ကတော့ 4,000 mAh ဖြစ်ပြီး

ကျောဘက် Camera တွေကို

12 Megapixel Wide, Telephoto နဲ့ Ultra wide

သုံးမျိုး စပ်ပြီး တွဲပေးထားပါတယ်..

 

Video ကို 4K Resolution နဲ့ ရိုက်ကူးနိုင်ပြီး

 

Selfie Camera ကတော့ 8 Megapixel Camera ပါ..

6.5” OLED Display နဲ့ လာပြီး 4K HDR အပြည့် ရပါတယ်..

 

Corning® Gorilla® Glass 6 နဲ့

(IP65/68) အထိ ရေစိုခံပါတယ်..

Sony ရဲ့ ထုံးစံအတိုင်း အသံပိုင်းမှာတော့ ပြည့်စုံလွန်းတဲ့

High-Resolution Audio, High-Resolution Audio Wireless15, LDAC စနစ်တွေ ပါဝင်ပြီး

 

PS4 ရဲ့ ခလုတ် အနေနဲ့ သုံးနိုင်ဦးမှာပါ..

 

Storage ကတော့

RAM - 12GB/

INTERNAL MEMORY - 512GB UFS21 ကိုမှ

microSDXC ကို  (up to 1 TB) အထိ ထပ်မံ ထည့်သွင်းနိုင်ပါတယ်..

Specification အပြည့်အစုံကို ဒီမှာ ဝင်ကြည့်လို့ရပါတယ်..

 

https://bit.ly/3olvakL

 

Xperia Pro က ဈေးနှုန်း အရ

USD $ 2,499.99

(မြန်မာငွေ 3,500,000 (သုံးဆယ့်ငါးသိန်း) ခန့် ဖြစ်တဲ့အတွက်

 

မနှစ်ကထွက်ရှိခဲ့တဲ့ Xperia 1 II ထက် ဈေးနှုန်း လောက် များပေမယ့်

Sony ကတော့ 5G Network အထောက်အပံ့ ပေးတာရယ်

HDMI input ပါတာရယ်နဲ့ တင် Professional တွေအတွက် မယုံနိုင်အောင် အသုံးဝင်မယ် လို့ ဆိုထားပါတယ်..

 

REMAX ပရိသတ်တွေထဲက Sony Fan တို့ရေ..

Xperia Pro ကို မြန်မာနိုင်ငံ မှာ ရောင်းရင်

အားပေးကြမှာလား..?

အမြင်လေးတွေ Comment မှာ ပြောပြခဲ့ကြပါဦးနော်..

 

Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items