Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" ဧပြီ (၁၁) ရက်နေ့မှာ ပြုလုပ်မယ့် Vivo Event "

by Aung Myat Shwe MZ 04 Apr 2022 0 Comments
Vivo အနေနဲ့ Foldable စမတ်ဖုန်း Vivo X Fold အပြင်
Premium ထုတ်ကုန်နှစ်ခုဖြစ်တဲ့ Vivo X Note နဲ့ Vivo Pad
တို့ကို ဧပြီ (၁၁) ရက်မှာ တစ်ပြိုင်တည်း မိတ်ဆက်မယ်လို့ သိရပါတယ်။

Vivo X Fold ကို Snapdragon 8 Gen 1 အသုံးပြုထားပြီး
6.53-inch ရှိ OLED Display ကိုမှ Full HD+ Resolution နဲ့
120Hz Refresh Rate ၊ Foldable Screen မှာ 8-inch ရှိ OLED
Display ကို QHD+ Resolution သုံးထားပြီး 12GB RAM +
256GB / 512GB ROM ပါဝင်မှာပါ။ 50+48+12+8 MP ရှိ
ကင်မရာ (၄) လုံးပါဝင်ပြီး 4600mAh ကို 80W Fast Charging နဲ့
50W Wireless Charging အထောက်အပံ့ရပါမယ်။

Vivo X Note ကတော့ 7-inch AMOLED QHD+ Resolution ဖြစ်ပြီး
120Hz Refresh Rate ကို Ultrasonic in-screen Fingerprint နဲ့ဖြစ်ပါတယ်။
Snapdragon 8 Gen 1 ကိုမှ 8GB/12GB RAM နဲ့ 256GB/512GB ROM
အနေနဲ့ ထွက်ရှိမယ်လို့ သိရပြီး ကင်မရာပိုင်းက X Fold နဲ့ ဆင်တူသလို
Battery 5000mAh ကို 80W Fast Charging နဲ့ 50W Wireless Charging
အထောက်အပံ့ရပါမယ်။

Vivo Pad ကတော့ 11-inch Dispaly လို့သာ သိရပြီး LCD လား OLED လား
မသိရသေးပါဘူး... 120Hz Refresh Rate နဲ့ Snapdragon 870 အသုံးပြုလာနိုင်ပြီး
8GB RAM နဲ့ 128GB / 256GB ROM ရွေးချယ်နိုင်ပါမယ်။ နောက်ဘက်ကင်မရာ
(၂) လုံးကတော့ 13+8 MP ဖြစ်ပြီး အရှေ့ဘက် 8MP သုံးပေးထားပါတယ်။
7860mAh Battery ကို 44W Fast Charging သာ အထောက်အပံ့ရမှာဖြစ်ပြီး...

အထက်ပါ မော်ဒယ်အားလုံးကို Android 12 + Origin OS မောင်းနှင်ထားမှာဖြစ်ပါတယ်။

Source : Gizmochina

#MyGadgets
#VivoXFold
#VivoXNote
#VivoPad
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items