" ဇွန်လ (၆) ရက်မှ (၁၁) ရက်အထိ ကျင်းပသွားမယ့် WWDC 22 "
" ဇွန်လ (၆) ရက်မှ (၁၁) ရက်အထိ ကျင်းပသွားမယ့် WWDC 22 "
=================================

Virtual Event အဖြစ် WWDC 22 ကို ဇွန်လ (၆) ရက်ကနေ (၁၁) ရက်နေ့အထိ
ကျင်းပသွားမယ်လို့ Apple ဘက်က တရားဝင် ကြေညာခဲ့ပြီး အထူးအနေနဲ့ ....
ဇွန်လ (၆) ရက်နေ့မှာတော့ Apple Park မှာ လူအရေအတွက် အကန့်အသတ်ဖြင့်
ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လျှောက်ထားရမယ့် အသေးစိတ်
အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အရည်းအချင်းရှိတဲ့ ကျောင်းသားတွေအတွက် Swift Student Challenge မှာ
ဆုရရှိဖို့ ၎င်းတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပြသနိုင်မယ့် အခွင့်အရေးလည်းရှိပါသေးတယ်။
အဆိုပါနေ့မှာ iOS 16, iPad OS 16, macOS 13, watchOS 9 နဲ့ tvOS 16
တို့ကို မိတ်ဆက်မယ်လို့ မျှော်လင့်ထားသလို Mac Pro အသစ်နဲ့ Display အသစ်တစ်မျိုးလည်း
ဒါမှမဟုတ် Technology တစ်ခုခု မိတ်ဆက်မယ်လို့ မျှော်လင့်ရင်း .....
My Gadgets ပရိသတ်တို့ရော ဘာတွေ မိတ်ဆက်ပေးဖို့
မျှော်လင့်ထားလဲဆိုတာ မန့်မှာ ဖြေသွားပေးခဲ့ပါဦး...
#MyGadgets
#Apple #WWDC
#WWDC22 #Event
Tags: