Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" 45W Fast Charging အထောက်အပံ့နဲ့ Nothing Phone (1) "

by Aung Myat Shwe MZ 10 Jun 2022 0 Comments

==================================


Nothing Phone (1) ရဲ့ မိတ်ဆက်ပွဲကို ဇူလိုင်လ (၁၂) ရက်နေ့၊ လန်ဒန်မှာ
မိတ်ဆက်မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ Nothing ဟာ မိတ်ဆက်ပွဲမတိုင်ခင်
ပြီးခဲ့တဲ့လမှာ ဝင်ရောက်လာခဲ့ပြီး TUV Certification က Nothing Phone (1) မှာ
45W Fast Charging စနစ် ပံ့ပိုးနိုင်ကြောင်း ဖော်ပြလာပါတယ်။

အဆိုပါ Certification မှာ Nothing Charger ရဲ့ အသေးစိတ်အချက်အလက်များ
စာရင်းပြုစုထားပြီး C304, C347, C348 စတဲ့ မော်ဒယ်နံပါတ် (၃) ခုကို ဖော်ပြထားပြီး
Global အတွက် အမျိုးအစား (၃) မျိုး ရည်ရွယ်တယ်လို့ သိရပါတယ်။

အဆိုပါ Adapter ဟာ 45W အထိ Fast Charge ရဖို့ သတ်မှတ်ထားပြီး
Switching Power Supply Unit အဖြစ် အမျိုးအစားခွဲခြားထားသလို IP20
Degree Protection လည်း ပါရှိမှာဖြစ်ပါတယ်။

PPS Charging Standard သတ်မှတ်ထားလို့ Notebook နဲ့ အခြား Android Flagship
ဖုန်းတွေကိုလည်း အထောက်အပံ့ရမှာဖြစ်ပါတယ်။

Source : gsmarena

#MyGadgets
#NothingPhone1 #Nothing

Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing