"Apple Park မှာ Tim Cook နဲ့ တွေ့ဆုံခဲ့တဲ့ ဗီယက်နမ် ဝန်ကြီးချုပ် "
Apple အနေနဲ့ ထုတ်လုပ်ရေးစက်ရုံအချို့ကို တရုတ်နိုင်ငံမှ ပြောင်းရွှေ့ရန်
မျှော်လင့်ထားပြီး ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အာဆီယံ-အမေရိကန် အစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်အပါအဝင် အာဆီယံ
နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးနောက်
ဗီယက်နမ်ဝန်ကြီးချုပ်ဟာ အမေရိကန်သမ္မတနှင့် တွေ့ဆုံမှုအပြီး Google ၊ Intel နဲ့
Apple အပါအဝင် နည်းပညာကုမ္ပဏီများမှ အမှုဆောင်အရာရှိများနဲ့ တွေ့ဆုံဖို့
ဆီလီကွန်တောင်ကြားကို ခရီးဆက်ခဲ့ပါတယ်။
Tim Cook အနေနဲ့ Apple ဟာ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံဖို့ အသင့်ဖြစ်နေပြီလို့
ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံးမှုအပြီး သတင်းတွေက
ဖော်ပြခဲ့ပါတယ်။ ဗီယက်နမ်ဝန်ကြီးချုပ်ကလည်း နည်းပညာကုမ္ပဏီများနဲ့ ပူးပေါင်း
ဆောင်ရွက်ရေးဟာ ကုန်သွယ်မှုအတွက်ရော ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက်ပါ
အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် Tim Cook ဟာ ၎င်းရဲ့ စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဗီယက်နမ်မှာ ၎င်းတို့ရဲ့
Supply Chain ပိုမိုချဲ့ထွင်ရန် အသင့်ဖြစ်နေပြီလို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဗီယက်နမ်က သုံးစွဲသူများကလည်း Apple ထုတ်ကုန်များကို နှစ်သက်ကြောင်း ဗီယက်နမ်
ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ဗီယက်နမ်အစိုးရအနေနဲ့ စီးပွားရေးအရ သွင်းကုန် ပို့ကုန်
နည်းပညာကုမ္ပဏီများအတွက် အမျိုးမျိုးသော လမ်းကြောင်းများကို တွန်းအားပေးဖို့
အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
Apple အနေနဲ့လည်း တရုတ်နိုင်ငံမှ ဗီယက်နမ်နဲ့ အိန္ဒိယသို့ ထုတ်လုပ်ရေးအခြေစိုက်
စက်ရုံများပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပြီး
Apple ဘက်ကလည်း စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ AirPods Pro , iPads နဲ့ HomePod Mini ကို ဗီယက်နမ်မှာရှိတဲ့
စက်ရုံမှာ ထုတ်လုပ်တပ်ဆင်နေပြီဖြစ်ကြောင်း လူအများမသိကြသေးသလို....
iPad နဲ့ MacBook ထုတ်လုပ်မှုကို တရုတ်နိုင်ငံကနေ ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့ဖို့
Apple ဘက်က တောင်းဆိုခဲ့ပြီးနောက် Foxconn ဟာ ဗီယက်နမ်မှာ ဘတ်ငွေ
သန်း (၉၀၀၀) ကျော် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
Source : sgppnews
#MyGadgets #Apple #TimCook
#VietnamPrimeMinister #ApplePark

Tags: