Battery % ကို Status Bar မှာ ပြလိုက်တဲ့ iOS 16 Beta 5
Apple အနေနဲ့ iPhone တွေရဲ့ Status Bar မှာ Battery %
ပြသဖို့ iOS 16 Beta 5 ကို Update ထုတ်ပေးလိုက်ပြီး အခြား
Features တွေလည်း ပါဝင်လာပါတယ်။
** Battery percentage in status bar**
ယခင် Face ID ပါတဲ့ iPhone တွေမှာ Battery % ကို ကြည့်ဖို့က
Control Center ကို ပွတ်ဆွဲမှ တွေ့ရမှာဖြစ်ပြီး iOS 16 Beta 5 မှာတော့
Battery Icon မှာ Battery % ကို ပြသထားမှာ ဖြစ်ပါတယ်။
အဆိုပါ Features ဟာ iPhone X , iPhone XS , iPhone 12 နဲ့ iPhone 13
စတဲ့ ဖုန်းတွေမှာ အထောက်အပံ့ရသော်လည်း iPhone XR , iPhone 11 ,
iPhone 12 Mini , iPhone 13 Mini စတဲ့ မော်ဒယ်အချို့မှာ အထောက်အပံ့
မရနိုင်ဘူးလို့ ဆိုပါတယ်။
** Find My New Sound **
ဖုန်းကိုရှာဖို့အတွက် Find My App ရှိ "Play Sound" ကို ရွေးချယ်တဲ့အခါ
အသံအသစ်ထွက်လာတာကို တွေ့ရပါမယ်။ iOS 16 ရဲ့ ယခင်ဗားရှင်းတွေမှာ
ပါတဲ့ အသံထက် အနည်းငယ်ကျယ်လောင်ပြီး ကွဲပြားပါမယ်။
** Lock Screen Now Playing Visualizer **
Lockscreen မှာ Mini Visualizer Player ကို ထည့်သွင်းပေးလာပါပြီ
** Music App **
Music App ကို အနည်းငယ်ပြောင်းလဲထားပါတယ်။ ဂီတအမျိုးအစားဘေးမှာ
Dolby Atmos နဲ့ Lossless အချက်အလက်များပြသပြီး Play နဲ့ Shuffle Button
များ ပါ၀င်လာပါမယ်။
** Save Screenshot **
Screenshot ရိုက်တဲ့အခါ ရွေးချယ်မှုအသစ်တစ်ခု ရှိလာပါမယ်။ အဲ့ဒါကတော့
ဖျက်ရန် ရွေးချယ်မှုအပြင် " မိတ္တူကူးပြီး ဖျက်ပါ " ဆိုတာ ပါလာပါမယ်။
စမ်းသပ်ချင်တဲ့သူတွေအတွက် Beta ဗားရှင်းကို ထုတ်ပေးထားပြီး
Official Release ကတော့ စက်တင်ဘာလမှာ မိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ်။
Source : MacRumors
#iOS16 #Beta5 #Battery%
#Apple #iPhone14Pro
Tags:
Leave a comment
All blog comments are checked prior to publishing