Huawei ရဲ့ Mate 50 စီးရီးမိတ်ဆက်ပွဲကို စက်တင်ဘာ (၆) ရက် တရုတ်နိုင်ငံမှာ ကျင်းပမယ်


Huawei ရဲ့ Mate 50 စီးရီး မိတ်ဆက်ပွဲဟာ iPhone မိတ်ဆက်ပွဲ
မတိုင်မီ တစ်ရက်အလိုမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

ကောလာဟလတွေအရတော့ အနည်းဆုံး မော်ဒယ် (၄) မျိုးဖြစ်တဲ့
Mate 50E, Mate 50, Mate 50 Pro နဲ့ Mate 50 RS တို့ပါဝင်မယ်လို့
ဆိုပါတယ်။ ပြီးတော့ MatePad Pro 11 အသစ်ကို ဇူလိုင်လမှာ
မိတ်ဆက်ခဲ့ပြီး ယခုအခါမှာတော့ ကင်မရာနှစ်ခုပါ ကြီးမားတဲ့
MatePad Pro 12.4 ကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Leica နေရာမှာ အစားထိုးဖို့ ၎င်းရဲ့ကိုယ်ပိုင် Imaging Engine ဖြစ်တဲ့
XMage ကိုလည်း မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ TSMC မှာ အထူး
ထုတ်လုပ်ထားတဲ့ XMage စနစ်ပါဝင်တဲ့ Snapdragon 8 Gen 1
4G Chipset အသုံးပြုလာဖွယ်ရှိပါမယ်။
Source : gsmarena
#Huawei #Mate50Series
#SeptemberEvent
Tags:

![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)
![[ Bundle ] REMAX Watch 28 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/91_5e34dbfa-e883-4621-bcd4-0732be31c5ee_165x.jpg?v=1781338692)