W16 အင်ဂျင်ရဲ့ နောက်ဆုံးမော်ဒယ် Bugatti W16 Mistral " The Ultimate Roadster"

ကားချစ်သူတွေကတော့ လမ်းတွေပေါ်မှာ တိုက်ရိုက်
မောင်းနှင်နေတဲ့ Chiron ကားကို မြင်ရဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ယခုအခါမှာတော့ Bugatti က ၎င်းတို့ရဲ့ နောက်ဆုံးပေါ် Hypercar ကို
ထုတ်ဖော်ပြသခြင်းနဲ့အတူ စိတ်လှုပ်ရှားစရာ သတင်းတစ်ခုကတော့
W16 အင်ဂျင်ခေတ်မကုန်မီ နေရာတိုင်းမှာ W16 ကို မြင်တွေ့ဖို့ တောင်းဆို
နေကြပါတယ်။

Bugatti W16 Mistral ဟာ Chiron ကို အခြေခံထားသော်လည်း ကွဲပြားမှုများ
ရှိနေပြီး Bolide , Divo နဲ့ La Voiture Noire လိုမျိုး ဂန္တဝင်မော်ဒယ်တွေရဲ့
Inspired ကို ယူထားသော်လည်း လှပသေသပ်ရုံမက " The Ultimate Roadster "
အဖြစ်လည်း နေရာယူလျက်ရှိနေပါတယ်။

Bugatti မှာ W16 မော်ဒယ် ထည့်သွင်းအမည်ပေးရခြင်းက အဆိုပါကားဟာ
အင်ဂျင်၊ ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်အနေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး
ကမ္ဘာ့အမြန်ဆုံး Roadster အဖြစ် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်
Chiron Super Sport 300+ မှ 8.0-Litre Quad-Turbo W16 ကို ပြောင်းလဲပြီး
မြင်းကောင်ရေအား ၁,၅၇၈ အထိ မြှင့်တင်ထားပါတယ်။

အရှိန်နဲ့ ထိပ်တန်းအမြန်နှုန်း ကိန်းဂဏန်းတွေကို Bugatti ဘက်က အတိအကျ
မထုတ်ပြန်သေးပေမယ့် မကြာခင်အချိန်အတွင်းမှာ စမ်းသပ်မှုတစ်ခု ရှိလာမယ်လို့
သေချာပေါက် ယုံကြည်ပါတယ်။
#Bugatti #W16Mistral
#Chiron #Motor
Tags:

![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)
![[ Bundle ] REMAX Watch 28 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/91_5e34dbfa-e883-4621-bcd4-0732be31c5ee_165x.jpg?v=1781338692)