Foldable Smartphone အသစ် Honor Magic Vs ကို မိတ်ဆက်
ပေါ့ပါးတဲ့အလေးချိန် (၂၆၁) ဂရမ်သာရှိပြီး Snapdragon 8+ Gen 1 Chipset နဲ့
ခေါက်နိုင်တဲ့စမတ်ဖုန်းအသစ် Honor Magic Vs ကို နိုဝင်ဘာ (၂၃) ရက်မှာ
မိတ်ဆက်လိုက်ပါတယ်။
ခေါက်နိုင်သောအတွင်းမျက်နှာပြင် 7.9-inch, Full HD+, 90Hz Refresh Rate နဲ့
90% Screen Ration ရှိပြီး အပြင်ဘက် 6.45-inch, AMOLED Screen, Full HD+,
120Hz Refresh Rate နဲ့ 1920Hz PWM Dimming ပါရှိပါမယ်။
Snapdragon 8+ Gen 1 ကို အသုံးပြုပေးထားပြီး up to 12 GB RAM အထိနဲ့
ခေါက်လိုက်တဲ့အခါ 12.9mm အထူနဲ့ (၂၆၁) ဂရမ်သာရှိလို့ အပေါ့ပါးဆုံးခေါက်နိုင်တဲ့
စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။ One-Piece Die-Casting နည်းပညာကြောင့်
Unfold လုပ်ထားတဲ့အခါ တွန့်ခြင်းကင်းဝေးစေတာတွေ့ရပါတယ်။
54MP Sony IMX800 Sensor ပါတဲ့ Main Camera , 50MP Ultrawide နဲ့ 8MP
Telephoto တို့ ပါဝင်ပြီး AI ပံ့ပိုးထားတဲ့ HONOR Image Engine ကို အသုံးပြုပြီး
3x Optical Zoom အထိ အထောက်အပံ့ရပါတယ်။
Battery 5000mAh ကို 66W Fast Charging စနစ်နဲ့ (၄၆) မိနစ်အတွင်း ၁၀၀% အထိ
အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 2ms အထိ Latency နည်းတဲ့ Magic-Pen
Stylus အထောက်အပံ့ရ HONOR Magic Vs Ultimate Edition လည်း ရှိပါတယ်။
**** HONOR Magic Vs Specs ****
- 7.9-inch Amoled folding screen, Full HD + resolution (2272 × 1984 pixels), aspect ratio 10.3: 9, refresh rate 90 Hz, supports PWM Dimming, high frequency 1920 Hz, HDR10 +, display 1.07 billion colors, DCI-P3 Wide Color Gamut , Maximum brightness 800 nits
- 6.45-inch Amoled outer screen, Full HD + resolution (2560 × 1080 pixels), aspect ratio 21: 9, refresh rate 120 Hz, supports PWM Dimming, high frequency 1920 Hz, HDR10 +, display 1.07 billion colors, DCI- P3 Wide Color Gamut , Up to 1200 nits brightness
- CPU: Snapdragon 8+ Gen 1
- GPU: Adreno 730
- RAM : 8GB/12GB/16GB
- ROM : 256 GB/512 GB
- Supports 2 Sim Cards
- Support 5G Dual Mode
- 3 rear cameras, resolution 50 + 50 + 8 megapixels, Sony IMX800 sensor, f/1.9 + f/2.0 + f/2.4, supports Ultra Wide and TelePhoto Optical Zoom lenses 3 times
- Outside screen camera, resolution 16 megapixels, f / 2.45
- Support for face scanning
- Supports fingerprint scanning system on the Power button
- Stereo Speaker Support, IMAX Enhanced Certified, 3-MIC Stereo Audio Reception, DTS:X Ultra Algorithm
- Supports Wi-Fi 802.11 ax (2.4GHz and 5GHz), Bluetooth 5.2 LE, GPS (L1 + L5 Dual band), NFC.
- USB Type-C port (3.1 Gen 1)
- Battery capacity: 5000 mAh + 66W HONOR SuperCharge
- Operating system: Android 12 + Magic UI 7.0
- Color : Orange , Blue , Black
ခန့်မှန်းစျေးတွေအနေနဲ့က
8 GB + 256 GB = မြန်မာငွေ ခန့်မှန်း သိန်း ၃၀ ဝန်းကျင်
12 GB + 256 GB = မြန်မာငွေ ခန့်မှန်း သိန်း ၃၀ ကျော်
12 GB + 512 GB = မြန်မာငွေ ခန့်မှန်း ၃၅ သိန်းကျော်
Honor Magic Vs Ultimate
16 GB + 512 GB = မြန်မာငွေ ခန့်မှန်း ၄၅ သိန်း ဝန်းကျင်
တရုတ်နိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး နိုဝင်ဘာ (၃၀) ရက်တွင်
တရားဝင်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာစျေးကွက်ကိုတော့
မကြာခင် ကြေညာမယ်လို့ သိရပါတယ်။
Source : Fonearena
#MyGadgets
#Honor #HonorMagicVs
#MagicVs #Ultimate #Edition
Tags:
Leave a comment
All blog comments are checked prior to publishing