Google Pixel Fold ရဲ့ တရားဝင် Render ပုံများထွက်ပေါ်

ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုကနေ လာမယ့်နှစ်မှာ မိတ်ဆက်မယ့်
Google Pixel Fold ရဲ့ တရားဝင် Render ပုံများကို Jon Prosser က ထုတ်ဖော်
ပြသခဲ့ပါတယ်။


Google Pixel Fold ဟာ Google ရဲ့ ကာလရှည်ကြာ လျှို့ဝှက်စီမံကိန်းများထဲမှ
တစ်ခုဖြစ်ပြီး ဒီနှစ်လယ်မှာ ထွက်ရှိလာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်
အခုထိ မထွက်သေးသလို လာမယ့်နှစ်မှာ ထွက်ရှိမယ်လို့ သိရပါတယ်။


ရရှိနိုင်မယ့်အရောင်တွေကတော့ Chalk White နဲ့ Obsidian Black ဖြစ်ပြီး
ကျောဘက်ကင်မရာ (၃) လုံးပါ ကင်မရာဒီဇိုင်းနဲ့ ထွက်လာပါမယ်။ အပေါ်နဲ့
အောက်ခြေ Bezels များက ဘယ်၊ ညာ Bezels များထက် ပိုထူနေပြီး Fold
လုပ်လိုက်တဲ့အခါ ပါးလွှာနေတာကို တွေ့ရပါတယ်။


အခြားသော Specs နဲ့ ပတ်သက်ပြီး အချက်အလက်မရှိသေးသလို Jon Prosser
က လူတိုင်းနှစ်သက်တဲ့ Flagship Pixel စွမ်းဆောင်ရည်ကို မျှော်လင့်နိုင်တယ်လို့
ဆိုပြီး Google Pixel Fold ကို (၂၀၂၃) ခုနှစ်၊ မေလမှာ ဒေါ်လာ (၁၇၉၉) ဖြင့်
စတင်ရောင်းချမယ်လို့ ထပ်မံပြောဆိုလိုက်ပါတယ်။

Source : FrontPageTech
#GooglePixelFold
#Pixel #Foldable #Smartphone
Tags: