Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Galaxy Unpacked 2022 မှာ မိတ်ဆက်ခဲ့သမျှ

by Aung Myat Shwe MZ 10 Aug 2022 0 comments

SAMSUNG ရဲ့ Galaxy Unpacked Global Event ကို
ယနေ့ညမှာ ကျင်းပပြုလုပ်ခဲ့ပြီး ....
- Galaxy Z Flip 4
- Galaxy Z Fold 4
- Galaxy Buds 2 Pro
- Galaxy Watch 5
- Galaxy Watch 5 Pro စတဲ့
ထုတ်ကုန် (၅) မျိုးကို မိတ်ဆက်သွားခဲ့ပါတယ် ...

** Galaxy Z Flip 4 **

Flip 3 ထက် အနည်းငယ်သေးပြီး ပိုမိုကျစ်လစ်သလို Battery ကိုလည်း
3700mAh နဲ့ 25W Fast Charging မို့ နာရီဝက်နဲ့ ၅၀% ပြည့်မယ်လို့
ဆိုပါတယ်။ Snapdragon 8+ Gen 1 Chip နဲ့ မျက်နှာပြင် ၆.၇ လက်မ၊
FHD+ Dynamic AMOLED Flex ကို အသုံးပြုပေးထားသလို အနောက်ဘက်
ကိုလည်း ၁.၉ လက်မရှိ Super AMOLED မျက်နှာပြင်ကို သုံးပေးထားပါတယ်။
ကျောဘက်ကင်မရာတွေက 12MP (၂) လုံးတပ်ဆင်ထားပြီး ဗီဒီယိုတွေအတွက်
Flex Cam Mode တစ်ခုပါလာပါမယ်။ Side Fingerprint Sensor နဲ့ IPX8 အဆင့်
ရေစိုခံမယ်လို့ ဆိုပါတယ်။ ရွေးချယ်စရာအရောင် (၄) မျိုးရှိပြီး Bespoke Edition
အနေနဲ့ Flip 4 ရဲ့ Body ကို ကြိုက်တဲ့ပုံစံနဲ့ မှာလို့ရတယ်လို့ ဆိုပါတယ်။ (မြန်မာနိုင်ငံ
အတွက်တော့ မရနိုင်ဘူးထင်တယ်)

** Galaxt Z Fold 4 **

Snapdragon 8+ Gen 1 ကို အသုံးပြုလာပြီး (၇.၆) လက်မရှိ မျက်နှာပြင်ကို
QXGA+ Dynamic AMOLED Flex ကို သုံးပေးထားပြီး 1-120Hz Refresh Rate
ရပါမယ်။ ခေါက်ထားတဲ့အနေအထားဆိုရင်တော့ ၆.၂ လက်မ၊ HD+ Dynamic
AMOLED ကိုသုံးပေးထားပြီး 48-120Hz Refresh Rate သာရပါမယ်။
ကျောဘက် ကင်မရာ (၃) ခုတပ်ဆင်ထားပြီး 12MP Ultrawide, 50MP Wide-angle,
10MP Telephoto 3x Optical Zoom နဲ့ ခေါက်လျက်အရှေ့ဘက်ကိုတော့ 10MP
Selfie Camera တပ်ဆင်ပေးထားသလို Under Display Camera ကတော့ 4MP သာ
တပ်ဆင်ပေးထားပါတယ်။ Battery က 4400mAh ဖြစ်ပြီး Flip 4 လို 25W Fast Charging
နဲ့ နာရီဝက်ကို ၅၀% ပြည့်မယ်လို့ ဆိုပါတယ်။ Meta နဲ့ Coopreate လုပ်ထားလို့
Meta Platform တွေနဲ့ပတ်သက်ပြီး သုံးလို့ပိုကောင်းလာပြီး Multi-Tasking အတွက်
ပိုကောင်းလာတယ်လို့လည်း ဆိုပါတယ်။ S Pen လည်း သုံးလို့ရပါမယ်။ အရောင်တွေက
(၃) မျိုး ရွေးချယ်နိုင်ပါမယ်။

** Galaxy Buds 2 Pro **

Ergonomic Design နဲ့ Bluetooth 5.3 ဖြစ်လို့ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ပြီး
နားထဲ Fit ဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။ 24-Bit Hi-Fi Audio ကိုသုံးထားပြီး
ANC Mode နဲ့ Ambient Sound Mode အတွက် အထူးဖန်တီးထားတယ်လို့ ဆိုပါတယ်။
PX7 Water Resistance လည်းပါဝင်ပြီး Qi-Wireless Charging လည်းရပါမယ်။

** Galaxy Watch 5 **

Sapphire Crystal 1.4-inch Super AMOLED မျက်နှာပြင်နဲ့ Watch Face ကို
စိတ်ကြိုက်ချိန်ညှိနိုင်မယ့် Touch Bezel ကို ပြောင်းလဲပေးထားပါတယ်။ Advanced
BioActive Sensor တပ်ဆင်ထားပြီး ECG Sensor, PPG Sensor နဲ့ BIA Sensor တို့
ပါဝင်လို့ Heart Rate , Body Composition, Sleep, ECG စတဲ့ တိုင်းတာမှုတွေကို
တိကျစွာ ရရှိစေပါမယ်။ 40mm နဲ့ 44mm ရွေးချယ်နိုင်ပြီး 44mm က Battery 410mAh နဲ့
40mm က Battery 284mAh ပါဝင်ပါတယ်။

** Galaxy Watch 5 Pro **

အကြမ်းခံတဲ့ဒီဇိုင်းပုံစံနဲ့ တိုက်တေနီယမ်ကိုယ်ထည်ကို အသုံးပြုထားပြီး
D-Buckle လက်ပတ်ကြိုးကို တပ်ဆင်ပေးထားပါတယ်။ Sapphite Crystal
1.4-inch Super AMOLED မျက်နှာပြင်ကို Compass ပါပြီး Watch Face ကို
စိတ်ကြိုက်ပြောင်းလဲဖို့ Touch Bezel ကို ပြောင်းလဲပေးထားတာက Watch 5 နဲ့
တူပါတယ်။ Workout အတွက် လမ်းကြောင်းသတ်မှတ်ထားနိုင်သလို တုန်ခါမှုနဲ့
အသံလမ်းညွှန်မှုအတိုင်း လုပ်ဆောင်နိုင်ပါမယ်။ 590mAh Battery ပါဝင်ပြီး
Sensor ပါဝင်မှုကတော့ Watch 5 နဲ့ တူတူပါပဲ။ Water & Dust Resistant က
IP68 ပါ။ Black နဲ့ Gray အရောင် (၂) မျိုးပဲ ရွေးချယ်နိုင်ပါမယ်။

#GalaxyUnpacked
#Flip4 #Fold4 #Buds2Pro
#Watch5 #Watch5Pro

930 x 520px

SPRING SUMMER LOOKBOOK

Sample Block Quote

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis.

Sample Paragraph Text

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis nec danos dui. Cras suscipit quam et turpis eleifend vitae malesuada magna congue. Damus id ullamcorper neque. Sed vitae mi a mi pretium aliquet ac sed elitos. Pellentesque nulla eros accumsan quis justo at tincidunt lobortis deli denimes, suspendisse vestibulum lectus in lectus volutpate.
Prev post
Next post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose options

Edit option
Back In Stock Notification

Choose options

this is just a warning
Login
Shopping cart
0 items