Galaxy Z Flip 4 နဲ့အပြိုင် Moto Razr 2022 ကို Motorola မိတ်ဆက်
နောက်ဆုံးမှာတော့ အများစုမျှော်လင့်ထားသလို Motorola ဟာ
Clamshell ဒီဇိုင်းနဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းအသစ် Moto Razr 2022 ကို
မိတ်ဆက်ခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ မျက်နှာပြင်၊ ကင်မရာတွေနဲ့ Upgrade
Chipset တို့ ပါဝင်ပါတယ်။
6.7-inch ဖြစ်ပြီး AMOLED မျက်နှာပြင်ကို HDR10+ နဲ့ 144Hz Refresh Rate
ပါရှိပါမယ်။ Snapdragon 8+ Gen 1 Chipset နဲ့ အဆင့်မြှင့်တင်ထားပြီး
Motorola ရဲ့ MyUI 4.0 အပေါ်မှာ Android 12 ကို မောင်းနှင်ထားပါတယ်။
ကျောဘက်ကင်မရာတွေက 50MP Main Camera နဲ့ 13MP Ultrawide-angle
တို့ တပ်ဆင်ထားသလို အရှေ့ဘက်ကိုတော့ 32MP Front Facing Camera တပ်ဆင်
ပေးထားပြီး Punch-Hole ဒီဇိုင်းဖန်တီပေးထားပါတယ်။
အခြား Specs တွေအနေနဲ့ RAW ရိုက်ကူးမှုအတွက် အထောက်အပံ့ရယ်၊ MyUI 4.0
interface အတွက် မွမ်းမံမှုရယ်၊ Dolby Atmos ရတဲ့ စပီကာ (၂) လုံးရယ် ပါဝင်ပါမယ်။
အဆိုပါ Moto Razr 2022 ကို ကုမ္ပဏီ website မှာ ကြိုတင်မှာယူနိုင်ပြီး
အရောင်ကတော့ အနက်တစ်မျိုးပဲ ရမှာဖြစ်ပါတယ်။ စျေးနှုန်းတွေကတော့ ...
8GB+128GB ကို တရုတ်ယွမ် ၅၉၉၉ (မြန်မာငွေ ခန့်မှန်း ၂၅ သိန်းကျော်)
8GB+256GB ကို တရုတ်ယွမ် ၆၄၉၉ (မြန်မာငွေ ခန့်မှန်း သိန်း ၃၀ ဝန်းကျင်)
12GB+512GB ကို တရုတ်ယွမ် ၇၂၉၉ (မြန်မာငွေ ခန့်မှန်း ၃၃ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပြီး
Global စျေးကွက်ကို ဖြန့်ချီမယ်ဆိုပါက စျေးနှုန်းကွာခြားနိုင်သော်လည်း
$10000 မှ စတင်တဲ့ Galaxy Z Flip 4 ကိုတော့ သိသိသာသာ ရိုက်ခတ်နိုင်မယ်လို့
ထင်ပါတယ်။ ဒါပေမယ့် Global စျေးကွက်ကို ဖြန့်ချီမယ်လို့ ဘာသတင်းမှ မထွက်သေးသလို
ဘယ်တော့ဆိုတာလည်း မသိသေးပါဘူး ...
Source : androidcentral
#Motorola #MotoRazr2022
Sample Image Gallery
Sample Block Quote
Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis.
Sample Paragraph Text
Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis nec danos dui. Cras suscipit quam et turpis eleifend vitae malesuada magna congue. Damus id ullamcorper neque. Sed vitae mi a mi pretium aliquet ac sed elitos. Pellentesque nulla eros accumsan quis justo at tincidunt lobortis deli denimes, suspendisse vestibulum lectus in lectus volutpate.
Tags:
1 comment
ကျနော်မှာချင်ပါတယ်၊နောက်ပီးဖုန်းမှာပြသနာရှိနေလို့ပါ၊09750599810ပါ