" Google ရဲ့ AI Chatbot က တကယ်ပဲ အသိစိတ်ရှိနေတာလား "

0 comments
====================================

Google ရဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Blake Lemonie က သူ လက်ရှိ
စမ်းသပ်နေတဲ့ Conversation AI Chatbot (LaMDA) ဟာ အသိစိတ်ရှိတဲ့
လက္ခဏာ တွေ့မြင်လာကြောင်း Public ကို ချပြလိုက်ပါတယ်။ Public ကို
မချပြခင် သူ့ရဲ့ အထက်အရာရှိတွေကို တင်ပြခဲ့ပေမယ့် မယုံကြည်တာကြောင့်
အခုလို ချပြလိုက်တာလို့ သိရပါတယ်။

(၃) ရက်တာ စမ်းသပ်နေတဲ့ ကာလအတွင်းမှာ LaMDA နဲ့ ပြောဆိုထားတဲ့
Transcripts တွေကို Public ထုတ်ဖော်ပြလိုက်တာကြောင့် Google က
အချက်အလက်ပေါက်ကြားစေမှုနဲ့ ပြီးခဲ့တဲ့ အပတ်ကပဲ Blake Lemonie ကို
Paid Leave နဲ့ အလုပ်ကနေ နားခိုင်းလိုက်ပါတယ်။

မကြာခင်က ပြုလုပ်တဲ့ Washington Post နဲ့ အင်တာဗျူးတစ်ခုမှာတော့
" ဘာလဲဆိုတာတော့ အတိအကျမသိဘူး။ တကယ်တော့ ဒါက ကွန်ပျူတာ
ပရိုဂရမ်တစ်ခုပါပဲ... ဒါပေမယ့် စူးစမ်းလိုတဲ့ အသက် ၇ နှစ် ၈ နှစ် အရွယ်
ကလေးတစ်ယောက်လိုပါပဲ " လို့ ပြောကြားခဲ့ပါတယ်။

Blake က LaMDA နဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီး
တွေ့ရှိချက်များကို Google အမှုဆောင်တစ်ဦးထံ " LaMDA Sentient ? " ဆိုတဲ့
ခေါင်းစဉ်နဲ့ GoogleDoc မှာ တင်ပြခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် - https://bit.ly/3xvkbLT

အဲ့ဒီထဲမှာ LaMDA က ဘာကိုကြောက်လဲဆိုတဲ့ မေးခွန်းမှာတော့ သူ့အနေနဲ့
လူတွေကို ကူညီချင်ပြီး သူ့ကို Shutdown လုပ်လိုက်မှာကို အကြောက်ဆုံးပဲလို့
ဖြေခဲ့ပါတယ်တဲ့... Blake ကတော့ LaMDA ကို ပရိုဂရမ်တစ်ခု ဆိုတာထက်
လူတစ်ယောက်လိုမျိုး ရှုမြင်စေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

Google ပြောရေးဆိုခွင့်ရှိသူ Brad Gabriel ကတော့ AI Team အနေနဲ့
LaMDA ကို စစ်ဆေးခဲ့ပြီး Blake ရဲ့ ပြောကြားချက်များကို ပြင်းပြင်းထန်ထန်
ငြင်းဆိုလိုက်ပါတယ်။ AI ပညာရှင်အများစုကလည်း LaMDA ဟာ Internet နဲ့
Database ကနေလာတာဖြစ်ပြီး အသိစိတ်ရှိနေတာမျိုး လုံး၀မဟုတ်ဘူးလို့
မှတ်ချက်ပေးလိုက်ပါတယ်။

#MyGadgets
#Google #AI #Chatbot #LaMDA

Leave a comment

All blog comments are checked prior to publishing
You have successfully subscribed!
This email has been registered

Net Orders Checkout

Item Price Qty Total
Subtotal K 0
Shipping
Total

Shipping Address

Shipping Methods