Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Huawei မြန်မာမှ Mate 50 Series နဲ့ MatePad SE အပြင် Nova Y61 တို့ကို မိတ်ဆက်

by Aung Myat Shwe MZ 29 Oct 2022 0 comments


Huawei Device Business Group (မြန်မာ) မှ Flagship ဖုန်းဖြစ်တဲ့ Huawei Mate 50
Series နဲ့ ဘက်စုံအသုံးပြုနိုင်တဲ့ MatePad SE တို့အပြင် စျေးသင့်တဲ့ Nova Y61 တို့ကို
အောက်တိုဘာ (၂၈) ရက်က မြန်မာနိုင်ငံစျေးကွက်အတွက် မိတ်ဆက်ခဲ့ပါတယ်။

Huawei Mate 50 Series
--------------------------
Mate Series စမတ်ဖုန်းများရဲ့ (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားပြီး ‌
နောက်ဆုံးပေါ်နည်းပညာများဖြင့် ထုတ်လုပ်ထားပါတယ်။ အသေးစိတ်ကျပြီး အချိုးကျတဲ့
အာကာသပတ်လမ်းကြောင်းပုံစံဒီဇိုင်းက Mate 50 Series ကို ထင်းလင်းမြင်သာစေပါတယ်။

အနောက်ဘက်ဒီဇိုင်းမှာတော့ Glass နဲ့ Vegan Leather ဆိုတဲ့ ဗားရှင်း (၂) မျိုးထုတ်လုပ်ထားပြီး
Glass ဗားရှင်းမှာ ငွေရောင်နဲ့ အနက်ရောင် ရွေးချယ်နိုင်သလို Vegan ဗားရှင်းမှာတော့
လိမ္မော်ရောင်ကို ရွေးချယ်နိုင်ပါမယ်။ (၁၀) ဆ‌ ပြုတ်ကျမှုဒဏ်ခံနိုင်တဲ့ အကြမ်းခံ Kunlun
Glass ဖြင့် ထုတ်လုပ်ထားပြီး (၆) မီတာအထိ ရေစိုခံနိုင်တဲ့ IP68 အဆင့် ထောက်ပံပေးပါတယ်။
ဒါ့အပြင် (၁၀) ဆ ပိုမိုမြင့်မားတဲ့ Adjustable Physical Aperture ပါရှိပြီး Optical System,
Mechanical Structure , Imaging Technology နဲ့ Image Processing တို့ အဆင့်မြှင့်တင်
ထားတဲ့ Ultra-Aperture XMAGE Camera ပါဝင်ပါတယ်။

ကျောဘက်ကင်မရာ (၃) လုံးက 50MP f/1.4-f/4.0 wide, OIS နဲ့ 64MP Preiscope
Telephoto (3.5x Optical Zoom) OIS, 13MP Ultrawide တို့ တပ်ဆင်ပေးထားပါတယ်။
အရှေ့ဘက်ကိုတော့ 13MP Ultrawide ကို တပ်ဆင်ထားပါတယ်။


Huawei Nova Y61
-----------------------
အနောက်ဘက်ကင်မရာ (၃) လုံးပါရှိပြီး Super Night Shot, AI Snapshot , Motion
Feature စတဲ့ နည်းပညာတွေနဲ့ လူငယ်အကြိုက် စျေးသင့်စမတ်ဖုန်းဖြစ်ပါတယ်။
50MP Main Camera နဲ့ Bokeh ပုံများကို အကောင်းဆုံးရိုက်ကူးပေးမယ့် 2MP Depth
Camera အပြင် အနုစိတ်ပုံရိပ်တွေအတွက် 4cm Macro Camera တို့ပါဝင်ပါတယ်။
ညဘက်ရိုက်ချက်တွေအတွက် Super Night Shot အထောက်အပံ့ရပြီး Long Exposure
ရိုက်ချက်တွေကို 6s Shutter အထိ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။

Huawei Scene Detection Algorithm ကတစ်ဆင့် လှုပ်ရှားမှုတွေကို အလိုအလျောက်
သိရှိစေတဲ့ AI Snapshoot က လှုပ်ရှားနေတဲ့အရာတွေကို အမိအရရိုက်ကူးပေးနိုင်ပြီး
Creators များအတွက် Slow Motion Feature လည်း ပါဝင်ပါတယ်။


၆.၅၂ လက်မ HD+ မျက်နှာပြင်ကို ဘေးဘက်မှာ Fingerprint Power Button ပါရှိပြီး
5000mAh Battery နဲ့ 22.5W SuperCharge အထောက်အပံ့လည်းရရှိပါမယ်။

Huawei MatePad SE
-------------------------

10.4-inches အရွယ်အစားကို 83% Screen-to-body ration ရှိတဲ့ FullView Display
ပါရှိပြီး 8.5mm ရှိ ဘေးဘောင်များပါရှိပါတယ်။ စပီကာများကို ဘယ်၊ညာ တစ်ဖက်စီ
တပ်ဆင်ထားပြီး မျက်လုံးထိခိုက်မှုသက်သာစေရန်နဲ့ ညောင်းညာရောင်ရမ်းမှု လျော့နည်း
စေရန် ခေတ်မီနည်းပညာများပါဝင်ပြီး TUV Rheinland Low Blue Light နဲ့ Flicker Free
Certification လည်း ရရှိထားပါတယ်။

Huawei Mate 50 နဲ့ Mate 50 Pro ကို RAM 8 GB + 256 GB ဖြင့် ရရှိနိုင်ပြီး
အရောင်တွေက အနက်နဲ့ ငွေရောင် ရွေးချယ်ဝယ်ယူနိုင်ပါမယ်။
Mate 50 Pro (Kunlun Version) ကို RAM 8 GB + 512 GB ဖြင့် လိမ္မော်ရောင်သာ
ရရှိနိုင်ပြီး နိုဝင်ဘာလကုန်မှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။

Nova Y61 ကို RAM 6 GB + 64 GB ရရှိနိုင်ပြီး အရောင်တွေက အနက်၊ အပြာ၊ အစိမ်း
စသဖြင့် ရွေးချယ်နိုင်သလို အောက်တိုဘာ (၂၈) မှစတင်ကာ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး
စျေးနှုန်းကိုတော့ Huawei Official Facebook Page မှာ မကြာမီကြေညာသွားမယ်လို့
ဆိုပါတယ်။

MatePad SE ကိုတော့ RAM 4 GB + 128 GB ဖြင့် အနက်ရောင်ကို ဒီဇင်ဘာလမှသာ
စတင်ရောင်းချမှာဖြစ်ကြောင်း သိရှိရပါတယ်။

#Huawei #Mate50Series
#NovaY61 #EverOnwards
#BeInspiredBeNova

930 x 520px

SPRING SUMMER LOOKBOOK

Sample Block Quote

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis.

Sample Paragraph Text

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis nec danos dui. Cras suscipit quam et turpis eleifend vitae malesuada magna congue. Damus id ullamcorper neque. Sed vitae mi a mi pretium aliquet ac sed elitos. Pellentesque nulla eros accumsan quis justo at tincidunt lobortis deli denimes, suspendisse vestibulum lectus in lectus volutpate.
Prev post
Next post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose options

Edit option
Back In Stock Notification

Choose options

this is just a warning
Login
Shopping cart
0 items