Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Web3 OS နဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း METAVERTU

by Aung Myat Shwe MZ 29 Oct 2022 0 Comments

ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ VERTU က လန်ဒန်မှာ METAVERTU လို့
ခေါ်တဲ့ စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့ပြီး Web3 OS မောင်းနှင်ထားတဲ့
ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ 12 GB / 18 GB RAM နဲ့ Storage 10 TB
အထိ ပါရှိပြီး EcoSystem တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့
ဆိုပါတယ်။

6.67-inches AMOLED မျက်နှာပြင်၊ Full HD+ ရုပ်ထွက်ကိုမှ 144Hz Refresh Rate
အထောက်အပံ့ရရှိပါမယ်။ Snapdragon 8 Gen 1 Chipset ကို သုံးထားပြီး ရွေးချယ်စရာ
12 GB / 18 GB RAM နဲ့ 512 GB / 1 TB ROM ရှိပြီး Web3 ကို အသုံးပြုတဲ့အခါ
သိုလှောင်မှုနေရာ 10 TB အထိ ရရှိမှာဖြစ်ပါတယ်။

ကျောဘက်ကင်မရာတွေက Sony IMX787 သုံးထားတဲ့ 64MP Main Cameraယ
50MP Ultrawide နဲ့ 8MP Periscope 5X Optical Zoom တပ်ဆင်ပေးထားပြီး
အရှေ့ဘက်ကို 16MP Selfie Camera တပ်ဆင်ပေးထားပါတယ်။

Battery က 4600mAh ပါဝင်ပြီး 80W Fast Charge နဲ့ 15W Wireless Charging
အထောက်အပံ့ရရှိပါမယ်။

ဒါ့အပြင် SE+TEE နည်းပညာသုံးထားတဲ့ A5 Security Chip နဲ့ ကျုးကျော်ဝင်ရောက်မှု
အာရုံခံကိရိယာများပါဝင်ပြီး နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ စည်းမျဉ်းများနှင့်အညီ
အခြား လုံခြုံရေးလုပ်ဆောင်ချက်များလည်း ပါရှိပါတယ်။

METAVERTU မှာ Web2.0 ကနေ Web3.0 ကို ချောမွေ့စွာ ချိန်ညှိနိုင်ပြီး Web3.0 မှာ
NFT ဒစ်ဂျစ်တယ်စုဆောင်းမှုများနဲ့ ဟိုတယ်ဘိုကင်၊ Gift Purchase၊ Crypto ဝန်ဆောင်မှု
စတာတွေရဲ့ VIP App ဖန်တီးဖို့ လိုင်စင်ရကင်မရာများ ပါဝင်ပါမယ်။

နိုဝင်ဘာ (၃) ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး ဗားရှင်း (၆) မျိုးရွေးချယ်နိုင်ပါမယ်။

Basic Carbon Fiber
RAM 12 GB / ROM 512 GB
Price : 3,600 USD (မြန်မာငွေ ခန့်မှန်း သိန်း ၁၀၀ ကျော်)

Calf Leather Caramel Brown (black+brown)
RAM 12 GB / ROM 512 GB
Price : 3,350 USD (မြန်မာငွေ ခန့်မှန်း သိန်း ၉၀ ကျော်)

Alligator Leather Iron Black
RAM 12 GB / ROM 512 GB
Price : 6,500 USD (မြန်မာငွေ ခန့်မှန်း သိန်း ၂၀၀ ဝန်းကျင်)

Alligator Leather Iron Black
RAM 18 GB / ROM 1 TB
Price : 7,500 USD (မြန်မာငွေ ခန့်မှန်း ၂၂၅ သိန်းကျော်)

Alligator Leather Creamy White (black+white)
RAM 12 GB / ROM 512 GB
Price : 7,500 USD (မြန်မာငွေ ခန့်မှန်း ၂၂၅ သိန်းကျော်)

Alligator Leather Creamy White (black+white)
RAM 18 GB / ROM 1 TB
Price : 8,500 USD (မြန်မာငွေ ခန့်မှန်း သိန်း ၂၆၀ ဝန်းကျင်)

Alligator Leather Flame Red (black+red)
RAM 12 GB / ROM 512 GB
Price : 7,500 USD (မြန်မာငွေ ခန့်မှန်း ၂၂၅ သိန်းကျော်)

Alligator Leather Flame Red (black+red)
RAM 18 GB / ROM 1 TB
Price : 8,400 USD (မြန်မာငွေ ခန့်မှန်း သိန်း ၂၅၀ ကျော်)

Himalaya Alligator Leather 18K Gold & Diamonds (white + gold)
RAM 18 GB / ROM 1 TB
Price : 41,500 USD (မြန်မာငွေ ခန့်မှန်း သိန်း ၁၃၀၀ ဝန်းကျင်)

METAVERTU ကို ကမ္ဘာတစ်ဝှမ်းတွင်ရရှိနိုင်ပြီး Tmall မှတစ်ဆင့်သာမက
တရုတ်နိုင်ငံရှိ တရားဝင်ဝဘ်ဆိုဒ် https://www.vertu.com/ မှလည်း
ဝယ်ယူနိုင်ပါတယ်။

Source : Gizmochina

#VERTU #METAVERTU
#Luxury #Premium #Smartphone
#Web3
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items