In-display Fingerprint ပါလာမယ့် Nothing Phone 1
=======================================
ယနေ့မနက်မှာ Nothing Phone 1 ရဲ့ ဖန်တီးမှုနောက်ကွက်က
မြင်ကွင်းအချို့ကို Nothing YouTube Channel မှာ ပြသခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုမှာတော့ Qualcomm နဲ့ အစည်းအဝေးတစ်ခုလုပ်ပြီး
ဒီဇိုင်းပိုင်း၊ Glyph နဲ့ အသံပိုင်းကို တွေ့ရပါမယ်။
Watch Here : https://bit.ly/3IlEctl
Display Panel မှာ In-display Fingerprint Scanner ရဲ့ အကြမ်းထည်ကို
4:18 မှာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပြီး Nothing TikTok Channel
မှာလည်း ထပ်မံပြသထားတာ တွေ့ရပါမယ်။
အဆိုပါ Nothing Phone 1 ကို ဇူလိုင် (၁၂) ရက်နေ့ မိတ်ဆက်မယ်လို့ သိရပြီး
ယူရို (၄၇၀) ခန့် ကျသင့်မယ်လို့ သတင်းများထွက်ပေါ်နေသလို ဥရောပ၊ ယူကေ၊
အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ဩစတေးလျတို့ကို ဖြန့်ချိမယ်လို့ ဆိုပါတယ်။
မြောက်အမေရိကကိုတော့ မဖြန့်ချိဘူးလို့ သိရပါတယ်။
Source : gsmarena
#NothingPhone1
#ComingSoon
Tags:

![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)
![[ Bundle ] REMAX Watch 28 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/91_5e34dbfa-e883-4621-bcd4-0732be31c5ee_165x.jpg?v=1781338692)