iOS 16.1 ကို အောက်တိုဘာ (၂၄) တွင် Update လုပ်နိုင်မယ်

iPad အသစ်မိတ်ဆက်ပွဲမှာ iPhone အသုံးပြုသူတွေအတွက်
သတင်းအသစ်အချို့လည်း ရှိနေပါတယ်။ အဲ့ဒါကတော့ iOS 16.1 ကို
အောက်တိုဘာ (၂၄) မှာ တရားဝင်ဖြန့်ချိမယ်လို့ အတည်ပြုပြောကြား
ခဲ့တာ့ဖြစ်ပြီး .... Live Activities, Clean Energy Charging နဲ့ အခြား
Features အသစ်များစွာ ပါဝင်မယ်လို့ သိရပါတယ်။
- Live Activities ဟာ Lock Screen ကနေ အချိန်နဲ့တစ်ပြေးညီ ဖြစ်ပျက်နေတဲ့
အကြောင်းအရာများကို ထိပ်ဆုံးမှာ ရှိနေစေဖို့ ကူညီပေးပါမယ်။
- Live Activities API ကတော့ Ongoing Sport Game တွေ၊ လှုပ်ရှားမှုအတွက်
ခြေရာခံခြင်းတွေ၊ ပြင်ပ App တွေရဲ့ တိုက်ရိုက်လှုပ်ရှားမှုတွေကို API အသစ်ဖြင့်
ကြည့်ရှုနိုင်ပါမယ်။
- Apple Wallet App ကို Delete လုပ်နိုင်ပါမယ်။
- Matter အထောက်အပံ့က မတူညီတဲ့ Platforms တွေမှာ တွဲဖက်အသုံးပြုနိုင်မယ့်
ပစ္စည်းများအတွက် Smart Home ချိတ်ဆက်မှုစံညွှန်းအသစ်တစ်ခု။
- iCloud Share Photo Library ကတော့ အသုံးပြုသူ (၆) ဦးအထိ ပါဝင်နိုင်ပြီး
ရှိပြီးသားဓါတ်ပုံများကို မျှဝေရန် (သို့) ဓါတ်ပုံရှိ လူများအပေါ် အခြေခံပြီး မျှဝေရန်
စသဖြင့် ရွေးချယ်နိုင်ပါမယ်။
- Clean Energy Charging က သန့်စင်တဲ့စွမ်းအင်ရင်းမြစ်တွေ အသုံးပြုတဲ့အခါ
အားသွင်းချိန်အတွက် အကောင်းဆုံးဖြစ်အောင် iPhone ရဲ့ Carbon Footprint ကို
လျှော့ချဖို့ ရည်ရွယ်ပါတယ်။
- Battery Percentage icon : iPhone XR, 11, 12 Mini နဲ့ 13 Mini မှာ Battery %
ကို ဖွင့်ထားတဲ့အခါ Battery ညွှန်ပြချက်ကို ပြောင်းလဲထားတဲ့ icon တစ်ခု ပြုပြင်
ဖန်တီးထားပါတယ်။
အဆိုပါ iOS 16.1 ကို iPhone 8 နဲ့ အထက်ဖုန်းတွေမှာ ရရှိနိုင်မှာဖြစ်ပြီး အောက်တိုဘာ
(၂၄) ရက်မှာ Update လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ကဲ My Gadgets ပရိသတ်တွေထဲ iOS 16.1 ရဲ့ Features အသစ်တွေမှာ
ဘယ် Feature ကို စိတ်လှုပ်ရှားဆုံးဖြစ်မလဲ ...
Source : 9to5mac
#iOS #iOS16.1 #Apple
#iPhone #iPad #iPhone14
Tags:


