Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

ထိုင်းနိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Galaxy Rugged Series

by Aung Myat Shwe MZ 19 Oct 2022 0 Comments


ကြမ်းကြမ်းတမ်းတမ်း အသုံးပြုတဲ့သူတွေအတွက် အကြမ်းခံတဲ့
Galaxy XCover 6 Pro, XCover 5, Tab Active4 Pro နဲ့ Tab Active3
တို့ပါဝင်တဲ့ Galaxy Rugged Series ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။

Galaxy XCover 6 Pro ရဲ့ နောက်ကျောမှာ LED Flash ပါ ကင်မရာ (၂) လုံး
ပါရှိပြီး ညာဘက်တွင် အသံအတိုးအကျယ်နဲ့ ပါဝါခလုတ်ပါရှိပါတယ်။
ကျောဘက်ကင်မရာ (၂) လုံးက 50MP Main Camera နဲ့ 8MP Ultrawide Camera
တို့ဖြစ်ပြီး ရှေ့ဘက်ကို 13MP Camera တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မှာ
6.6-inch LCD FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate အထောက်အပံ့ရပြီး
အကြမ်းပတမ်းအခြေအနေကို ခံနိုင်ရည်ရှိဖို့ Corning Gorilla Glass Victus+
မှန်ကို သုံးပေးထားတယ်လို့ ဆိုပါတယ်။


Android 12 မောင်းနှင်ထားပြီး ရေနှင့်ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP68 အဆင့်နဲ့
လက်အိတ်များအတွက် Glove Touch လို့ခေါ်တဲ့ လုပ်ဆောင်ချက်တစ်ခု
လည်း ပါဝင်ပါသေးတယ်။


Snapdragon 778G ကိုသုံးထားပြီး 6GB RAM နဲ့ 128GB ROM ပါရှိပါမယ်။
ပြန်လည်အစားထိုးနိုင်တဲ့ 4050mAh Battery ကို 15W Charging အထောက်အပံ့နဲ့
အားသွင်းပေါက်က Type-C (သို့) အောက်ခြေရှိ Pogo Pin မှတစ်ဆင့် အားသွင်း
နိုင်ပါမယ်။

Source : SamsungThailand

#Samsung #GalaxyXCover6Pro
#Galaxy #RuggedSeries

Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items