Samsung ရဲ့ ဇိမ်ခံခေါက်ဖုန်းများကို တရုတ်နိုင်ငံမှာ စတင်ရောင်းချ
Samsung နဲ့ China Telecom တို့ပူးပေါင်းပြီး ရွှေ၊ ကြွေထည် အချောထည်များ
အပါအဝင် Galaxy Z Fold 4 နှင့် Z flip 4 တို့ရဲ့ အဆင့်မြင့်နည်းပညာများပါဝင်တဲ့
W23 Foldable , W23 Flip တို့ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။
W23 Flip မှာ ရွှေရောင်ပတ္တာနဲ့ ဘေးဘောင်များပါရှိပြီး တောက်ပတဲ့ အနက်ရောင်
ကိုယ်ထည်ပါဝင်ပါမယ်။ 12GB RAM ကိုမှ Galaxy Z Flip 4 နဲ့ တူညီတဲ့ Specs များ
ရှိပါမယ်။ W23 Fold မှာတော့ Gorill Glass Victus+ ကိုမှ အနက်ရောင်ကြွေထည်နဲ့
16GB RAM ပါရှိမယ်လို့ သိရပါတယ်။
W23 Fold နဲ့ W23 Flip နှစ်ခုလုံးဟာ ရွှေချထားတဲ့ အစွန်းနဲ့ ပတ္တာများပါရှိပြီး
nano-scale ဖြင့် ထွင်းထုထားကြောင်း Samsung မှ ပြောကြားခဲ့ပြီး ပတ္တာအသစ်
တည်ဆောက်မှုမှာလည်း ပါးလွှာသလို လိုက်လျောညီထွေဖြစ်စေတယ်လို့လည်း
ဆိုပါတယ်။
Samsung ရဲ့ W Series ဟာ တရုတ်နိုင်ငံအတွက် သီးသန့်ရောင်းချသလို မော်ဒယ်
နှစ်ခုလုံးရဲ့ နောက်ကျောအလယ်မှာ Heart to the world ဆိုတဲ့ တရုတ်လိုဂို ပါရှိမှာ
ဖြစ်ပြီး (၂၀၀၈) ခုနှစ်ကတည်းက ပရီမီယံအဆင့်မြင့် ဇိမ်ခံစမတ်ဖုန်းလည်း ဖြစ်ပါတယ်။
W23 Flip ဖုန်းကို တရုတ် ယွမ် ၉,၉၉၉ (မြန်မာငွေ ခန့်မှန်း သိန်း ၅၀ ဝန်းကျင်)
W23 Fold ဖုန်းကို တရုတ် ယွမ် ၁၅,၉၉၉ (မြန်မာငွေ ခန့်မှန်း သိန်း ၈၀ ဝန်းကျင်) ဖြင့်
တရုတ်နိုင်ငံရှိ Samsung Website မှ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာ (၂၈) ရက်မှာ
စတင်ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။
#Samsung #W23Flip
#W23Foldable #Smartphone
#Luxury #Premium #Phone