" OnePlus 10 Pro ရဲ့ မီတာ ၃၈၀၀၀ အမြင့်မှာ ဖမ်းယူထားတဲ့ပုံရိပ်များ "
OnePlus 10 Pro ကို မတ်လ (၃၁) ရက်နေ့မှာ မိတ်ဆက်မယ်လို့
ပြောကြားခဲ့ပြီး Hasselblad နဲ့ ပူးပေါင်းဖန်တီးထားတဲ့ OnePlus
10 Pro 5G ရဲ့ ကင်မရာအရည်အသွေးကို ပြသဖို့ ကုမ္ပဏီဘက်က
" Capture the Horizon " ဆိုတဲ့ ကမ်းပိန်းအောက်
(မီတာ ၃၈၀၀၀) အမြင့်ရှိတဲ့ Stratosphere မှာ စမတ်ဖုန်းရဲ့
ကင်မရာ စွမ်းဆောင်ရည်ကို စမ်းသပ်ပြသခဲ့ပါတယ်။
လေတိုက်နှုန်း 200 km/h နဲ့ အပူချိန် အနုတ် ၆၀ ဒီဂရီရှိတဲ့
အမြင့် (မီတာ ၃၈၀၀၀) Stratosphere ကို ပေါ့ပါးတဲ့
မိုးပျံပူဖောင်းတစ်ခုဖြင့် လွှတ်တင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။
အမြင့် (မီတာ ၃၈၀၀၀) Stratosphere ကို ပေါ့ပါးတဲ့
မိုးပျံပူဖောင်းတစ်ခုဖြင့် လွှတ်တင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။
အဝေးထိန်းစနစ်နဲ့ ဓါတ်ပုံသိမ်းဆည်းဖို့အတွက် ထိန်းချုပ်ထားပြီး
မိုးကုတ်စက်ဝိုင်းရဲ့ ခမ်းနားတဲ့ပုံရိပ်တွေကို အကောင်းဆုံးဖမ်းယူခဲ့ပါတယ်။
ဥရောပစျေးကွက်ရှာဖွေရေး ညွှန်ကြားရေးမှူးက " OnePlus 9 ကို
စတင်မိတ်ဆက်ကတည်းက Flagship ကင်မရာနည်းပညာကို ပိုမိုတိုးတက်
ကောင်းမွန်လာစေဖို့ Hasselblad နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ခဲ့ပါတယ်။
အခုလို OnePlus 10 Pro ရဲ့ မိုးကုတ်စက်ဝိုင်းပုံရိပ်များကို မြင်တွေ့ရတဲ့အတွက်
အလွန်ဝမ်းမြောက် ဂုဏ်ယူမိပြီး OnePlus အသုံးပြုသူတွေအတွက် ကင်မရာအရည်အသွေး
အကောင်းဆုံးပေးစွမ်းနိုင်လို့ ဂုဏ်ယူမိပါတယ် " လို့ ပြောကြားခဲ့ပါတယ်။

Source : gizmochina
#MyGadgets
#OnePlus10Pro
#CapturetheHorizon
#Hasselblad
Tags:


![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)



