Sony Xperia 1 IV Renders Image
" Sony Xperia 1 IV ရဲ့ Render ပုံများ ထွက်ပေါ် "

ပြီးခဲ့တဲ့အပတ်က Rumors များ ထွက်ပေါ်ခဲ့ပြီးနောက်...
OnLeaks မှ 6.5-inch နဲ့ ကျောဘက်ကင်မရာ (၃) လုံးပါဝင်တဲ့
Sony ရဲ့ အသစ်ထွက်ရှိလာမယ့် Xperia IV Series Render
ပုံများကို ထုတ်ဖော်ပြသလိုက်ပါပြီ..

Render ပုံအရ Xperia 1 III နဲ့ အလွန်ဆင်တူပြီး ကျောဘက်ကင်မရာ
(၃) လုံးမှာ Periscope Sensor တစ်ခု ပါရှိတယ်လို့ သိရပါတယ်။
အခြား ကင်မရာ (၂) လုံးနဲ့ ပတ်သက်ပြီးတော့ မသိရသေးပါဘူး။ ဖုန်းရဲ့
အောက်ခြေမှာ USB Type-C နဲ့ SIM Slot ကို တွေ့ရပြီး ညာဘက်မှာတော့
Power Button အပါအဝင် ခလုတ်တွေကို တွေ့ရပါတယ်။

- 6.5-inch HDR OLED screen, 4K resolution
- CPU: Snapdragon 8 Gen 1
- RAM: 12GB
- Battery capacity: 4500mAh
စသဖြင့် Rumors များ ထွက်ပေါ်နေပြီး
အခြားသော Features နဲ့ Specs တွေတော့ မသိရသေးသလို
မကြာခင်မှာ မိတ်ဆက်လာမယ်လို့လည်း မျှော်လင့်ရပါတယ်...
#MyGadgets
#SonyXperia
#Xperia1IV #Renders
Tags:


![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)