TikTok ကို App Store နဲ့ Play Store ကနေ ဖယ်ရှားတော့မယ်
=======================================
အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) ရဲ့
အကြီးအကဲဖြစ်သူ Brendan က တရုတ်နိုင်ငံရဲ့ ဒေတာလုံခြုံရေးကြောင့်
TikTok Application ကို App Store နဲ့ Play Store ကနေ ဖယ်ရှားပေးဖို့
Apple နဲ့ Google ကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ရုပ်သံဖိုင်တွေက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ပြီး
Google နဲ့ Apple ရဲ့ အချက်အလက် လုံခြုံမှုစံနှုန်းကို ချိုးဖောက်တယ်လို့
Apple CEO နဲ့ Google CEO တို့ထံ ပေးပို့တဲ့ စာမှာ ဖော်ပြထားတယ်လို့
ဆိုပါတယ်။
" TikTok ကို ဘေဂျင်းအခြေစိုက် ByteDance မှ ပိုင်ဆိုင်ပြီး တရုတ်
ကွန်မြူနစ်ပါတီရဲ့ PRC စောင့်ကြည့်ရေးတောင်းဆိုချက်များကို လိုက်နာတဲ့
အဖွဲ့အစည်းဖြစ်တယ် " လို့ ၎င်းရဲ့စာမှာ ရေးသားထားပါတယ်။
Apple နဲ့ Google တို့ကတော့ Brendan ရဲ့ တောင်းဆိုမှုအပေါ်
ဘယ်လိုတုံ့ပြန်သလဲဆိုတာ မသိရသေးပါဘူး။
TikTok ပြောရေးဆိုခွင့်ရှိသူကတော့ US အသုံးပြုသူတွေရဲ့ ဒေတာလုံခြုံရေး
နဲ့ ပတ်သက်ပြီး သံသယများကိုဖယ်ရှာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ အိန္ဒိယက နိုင်ငံတော်လုံခြုံရေးကြောင့် TikTok ကို ပိတ်ပင်ခဲ့ပြီး
အခြား တရုတ်ပိုင် App တချို့ကိုလည်း တားမြစ်ထားပါတယ်။
Blog ပိုစ့်တစ်ခုမှာတော့ US အသုံးပြုသူတွေအတွက် ဒေတာသိုလှောင်မှုနေရာကို
Oracle သို့ ပြောင်းရွှေ့ခဲ့ပြီး ယခုအခါ Cloud ဝန်ဆောင်မှုနဲ့ လက်ခံဆောင်ရွက်
ထားတယ်လို့ ရေးသားထားပါတယ်။
Source : IANS
#News #TikTok
#RemoveFromAppStores
#RemoveFromPlayStores

Tags:

![[ Bundle ] REMAX Watch 31 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/95_c446917e-4bdc-442c-8c1b-34de719b7230_165x.jpg?v=1781338368)
![[ Bundle ] REMAX Watch 28 Smart Watch + REMAX CozyBuds W29 OWS Earbuds](http://remaxonlineshop.com/cdn/shop/files/91_5e34dbfa-e883-4621-bcd4-0732be31c5ee_165x.jpg?v=1781338692)