Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Unisoc T606 အသုံးပြုထားတဲ့ Nokia T10 Tablet ကို မိတ်ဆက်

by Aung Myat Shwe MZ 15 Jul 2022 0 Comments
====================================
HMD Global ကနေပြီး အကြမ်းခံတဲ့ ဒီဇိုင်းနဲ့ Unisoc T606 အသုံးပြုထားတဲ့
Nokia T10 Mini Tablet ကို မိတ်ဆက်လိုက်ပါတယ်။ (၈) လက်မအရွယ်အစား
HD မျက်နှာပြင်ကို သုံးထားပြီး WiFi အတွက်နဲ့ WiFi+4G အတွက်ဆိုပြီး
ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။
1280 x 800 Pixels Resolution နဲ့ Netflix HD Certified ရထားပြီး Second Screen
အဖြစ် အသုံးပြုနိုင်မယ့်အပြင် PC Display အနေနဲ့ရော OZO Audio ပါတဲ့ Stereo
Speaker တွေနဲ့ရော Extension အဖြစ် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
 
Autofocus နဲ့ Flash ပါရှိတဲ့ 8MP ကျောဘက်ကင်မရာကို တပ်ဆင်ပေးထားပြီး
ရှေ့ဘက်ကိုတော့ 2MP သာ ပါရှိပြီး Face Unlock အထောက်အပံ့ရပါမယ်။
အားသွင်းပေါက်က USB Type-C ဖြစ်ပြီး 3.5mm နားကြပ်ပေါက်လည်းပါမှာပါ။
GPS စနစ်လည်းပါသလို FM Radio Tuner လည်း ပါဝင်မှာဖြစ်ပါတယ်။
 
3GB /32GB (သို့) 4GB / 64 GB နှစ်မျိုးလုံးမှာ Micro SD 512 GB အထိ
အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Battery က 5250mAh ကိုမှ 10W Charging
စနစ်ပဲ အထောက်အပံ့ရမှာဖြစ်ပါတယ်။
 
စျေးနှုန်းကတော့ ၁၅၉ ဒေါ်လာကနေ စတင်မှာဖြစ်ပြီး Ocean Blue အရောင်
တစ်မျိုးတည်းသာ ရရှိမှာ ဖြစ်ပါတယ်။
 
Source : Gizmochina
#NokiaT10 #Tablet
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items