" US မှာ မိတ်ဆက်လိုက်တဲ့ OnePlus Nord N20 5G "
သင့်တင့်တဲ့စျေးနှုန်းနဲ့ Mid-range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့
OnePlus Nord N20 5G ကို US မှာ မိတ်ဆက်လိုက်ပါတယ်။
48MP Main Camera နဲ့ 8MP Ultrawire Camera တို့ပါဝင်တဲ့
ကင်မရာအဝိုင်းကြီး (၂) ခုအပြင် 2MP Depth Camera အပါ
ကျောဘက်ကင်မရာ (၃) လုံး ဒီဇိုင်းဖြစ်ပြီး 6.43-inch ကိုမှ OLED Display နဲ့
Full HD+ resolution, 60Hz Refresh Rate အထောက်အပံ့၊
On-Screen Fingerprint တို့ ပါဝင်မှာဖြစ်ပါတယ်။
အရှေ့ဘက်မှာတော့ 16MP ကင်မရာပါဝင်ပြီး Snapdragon 695 SoC ကို
Adreno 619 GPU နဲ့ တွဲဖက်မောင်းနှင်ထားမှာဖြစ်သလို...
6GB RAM / 128GB ROM အသုံးပြုလာမှာဖြစ်ပြီး MicroSD ကို 512GB အထိ
အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Android 11 + OxygenOS 11 နဲ့ ထွက်ရှိလာပြီး Battery ပမာဏ
4500mAh ကို 33W Fast Charging စနစ် ပါဝင်ပါမယ်။
အဆိုပါ Nord N20 5G ကို 282 USD (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ဖြင့်
US မှာသာ ရောင်းချမှာဖြစ်ပြီး ဧပြီလ (၂၈) ရက်မှ စတင်ကာ T-Mobile မှ
တစ်ဆင့် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
ကမ္ဘာ့စျေးကွက်ကို ဘယ်တော့ မိတ်ဆက်မလဲဆိုတာတော့ ....
ကုမ္ပဏီဘက်က ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး....
*** OnePlus Nord N20 5G Specs ***
- 6.43-inch OLED screen, Full HD + resolution, refresh rate 60 Hz
- CPU: Snapdragon 695
- GPU: Adreno 619
- RAM: 6GB
- ROM : 128GB
- Support Micro SD Card up to 512GB
- Support 2 Sim Cards
- Support 5G Dual Mode
- 3 rear cameras, resolution 64 + 2 + 2 million pixels,
support for Black & White lenses and macro lenses
- 16 megapixel front camera
- Support WiFi AC Dual Band
- Support Bluetooth 5.2
- Battery capacity: 4500 mAh with 33W fast charging system
- Operating system Android 11 + OxygenOS 11
Source : the verge
#MyGadgets
#OnePlus
#OnePlusNordN205G
#LaunchedinUS
Leave a comment
All blog comments are checked prior to publishing