Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" Xiaomi 12 Ultra မှာ Leica အမှတ်တံဆိပ် ရိုက်နှိပ်မှာလား .. "

by Aung Myat Shwe MZ 03 Jun 2022 0 comments

====================================

နာမည်ကြီး Digital Chat Station မှ Xiaomi 12 Ultra ရဲ့
နောက်ဖုံးမှာ အနီရောင် #Leica တံဆိပ်ရိုက်နှိပ်လာမှာဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါဟာ အဖွဲ့အစည်းနှစ်ခုရဲ့ဆက်ဆံရေးက
ပိုမိုလေးနက်လာတဲ့အဆင့်ရှိကြောင်းကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

Leica Logo အသုံးပြုမှု ခွင့်ပြုချက်နဲ့ ထိန်းချုပ်မှုဟာ တော်တော်လေးကို
စည်းကမ်းတင်းကြပ်ပြီး ယခင်က စမတ်ဖုန်းထုတ်လုပ်သူအများအပြားနဲ့
ပူးပေါင်းဆောင်ရွက်ခဲ့တာကို မြင်တွေ့ခဲ့ကြရပေမယ့်လည်း သူတို့ရဲ့
ကိုယ်ပိုင်စမတ်ဖုန်း [ Leitz Phone 1 ] မှာပဲ အနီရောင် Logo ပါရှိပါတယ်။

တခြားလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်တွေကတော့ Leica နဲ့တွဲဖက်စီမံ
ပြုလုပ်ထားတာပဲဖြစ်ပြီး အနီရောင် Logo တံဆိပ်ရိုက်နှိပ်ထားတာ မတွေ့ခဲ့ပါဘူး။

အနီရောင် Logo ရိုက်နှိပ်ထားတာရဲ့ အဓိပ္ပာယ်ကတော့ Leica ဟာ အဆိုပါ ဖုန်းရဲ့
Hardware ထုတ်လုပ်တဲ့အပိုင်းမှာ ပိုမိုပါဝင်လာတော့မှာဖြစ်ပြီး Software ကိုတော့
အကန့်အသတ်မရှိ ညှိနှိုင်းပြင်ဆင်လို့ရမယ်လို့ သိရပါတယ်။

မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ Xiaomi × Leica တို့ ပူးပေါင်းမှုမှာ
Xiaomi ကုမ္ပဏီမှ " Xiaomi နဲ့ Leica တို့ရဲ့ပူးပေါင်းမှုက ဘယ်လောက်နက်နဲလဲဆိုတော့..
Leica တည်ရှိလာတာ (၁၀၉) နှစ်ရှိပြီ ဖြစ်ပြီး သူတို့ရဲ့ ဓာတ်ပုံ အလှတရား တွေဟာ
ဓာတ်ပုံပညာမှာ ကမ္ဘာ့ထိပ်တန်းစံနှုန်းတွေ ဖြစ်ပါတယ်။ တချို့ကပြောကြတယ်
“တခြား Brand တွေက ကင်မရာတွေကိုဖန်တီးတယ်၊ Leica ကတော့ဓာတ်ပုံတွေကို
ဖန်တီးတယ်” ဆိုရင် ချဲ့ကားပြောသလို ဖြစ်သွားနိုင်ပေမယ့် ရာစုနှစ်တစ်ခုအထိရှိပြီဖြစ်တဲ့
ဒဏ္ဍာရီဓာတ်ပုံများက ထင်ဟပ်နေစေပါတယ်။ Leica ကိုရွေးချယ်တာဟာ အတွေ့ကြုံကြောင့်
မဟုတ်ပေမယ့် နက်ရှိုင်းလှတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
တစ်ခါမှမတွေ့ကြုံဖူးသေးတဲ့ နက်ရှိုင်းမှု ဆိုတာ မှန်ဘီလူးများ၊ ရုပ်ပုံများ၊ ရုပ်ပုံပြင်ဆင်မှုများ၊
အတွေ့အကြုံများနဲ့ တခြားစမတ်ဖုန်းချိတ်ဆက်မှုများ မှ Leica နဲ့ ကျွန်တော်တို့ကြား
မျှဝေခံစားတာပဲဖြစ်ပါတယ်။ ဒါဟာ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ နှစ်ဖက်စလုံးရဲ့
ဓာတ်ပုံဖန်တီးနိုင်တဲ့စွမ်းရည်ကို ကျယ်ကျယ် ပြန့်ပြန့် ပေါင်းစပ်တာပဲ ဖြစ်ပါတယ်။
တရုတ်နဲ့ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုအပြင် Leica က Xiaomi ရဲ့အင်ဂျီနီယာများနဲ့ လက်တွဲဖို့
ပေကျင်းကို သီးသန့်အင်ဂျင်နီယာ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

ဟုတ်ပါတယ်၊ ဒီအချိန်မှာတော့ ဘာမှရှင်းရှင်းလင်းလင်း သိရမှာမဟုတ်သေးပါဘူး။
ဒါပေမယ့်လည်း တရုတ်က ဂုရုတော်တော်များများ ကလည်း Xiaomi 12 Ultra မှာ
အနီရောင် Logo ပါလာမယ်လို့ ထင်မြင်ယူဆထားကြပါတယ်။

ယခင် ဖော်ပြထားတဲ့ အချက်အလက်တွေကြောင့် Xiaomi 12 Ultra ရဲ့ကျောဘက်မှာ
ကင်မရာလေးလုံး ပါရှိမှာဖြစ်ပါတယ်။ 50MP Sony IMX989 sensor၊ 50MP Ultrawide မှန်ဘီလူး၊
5x နှင့် 10x optical zoom၊ 48MP TelePhoto မှန်ဘီလူးနှစ်ခုနဲ့ ရှေ့ကင်မရာတို့ အသုံးပြုထားတဲ့
ပင်မမှန်ဘီလူးတစ်ခု ပါရှိမှာဖြစ်ပါတယ်။

ခန့်မှန်းရသလောက်ကတော့ Xiaomi 12 Ultra သည် ကင်မရာအပြင် အတိုင်းအတာ
6.73 လက်မအရွယ်ရှိ E5 Amoled LTPO မျက်နှာပြင်နှင့် 2K Resolution ရှိမယ်ဖြစ်ပြီး
IP68 ရေနှင့် ဖုန်မှုန့်ဒဏ်ကို ခံနိုင်ရည်ရှိမယ်လို့သိရပါတယ်။ Snapdragon 8+ Gen 1 နဲ့
4900mAh Battery ကို 120W အမြန်အားသွင်းစနစ် အထောက်အပံ့ရပြီး 50W ကြိုးမဲ့
အားသွင်းစနစ်တို့ ပါဝင်လာမယ်လို့လည်း ပြောဆိုနေပါတယ်။

Source : Digital Chat Station

#MyGadgets
#Xiaomi #Leica
#Red-Dot #LOGO
930 x 520px

SPRING SUMMER LOOKBOOK

Sample Block Quote

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis.

Sample Paragraph Text

Praesent vestibulum congue tellus at fringilla. Curabitur vitae semper sem, eu convallis est. Cras felis nunc commodo eu convallis vitae interdum non nisl. Maecenas ac est sit amet augue pharetra convallis nec danos dui. Cras suscipit quam et turpis eleifend vitae malesuada magna congue. Damus id ullamcorper neque. Sed vitae mi a mi pretium aliquet ac sed elitos. Pellentesque nulla eros accumsan quis justo at tincidunt lobortis deli denimes, suspendisse vestibulum lectus in lectus volutpate.
Prev post
Next post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose options

Edit option
Back In Stock Notification

Choose options

this is just a warning
Login
Shopping cart
0 items