" Samsung Galaxy Z Flip 4 ရဲ့အကြမ်းခံကာဗာပုံများ ထွက်ပေါ် "
ထွက်ပေါ်လာတဲ့ ပုံအရတော့ ယခင် ဒီဇိုင်းနဲ့ဆင်တူပြီး ပတ္တာအသေးလေး နဲ့
အပြင်ဘက်မျက်နှာပြင်ကပိုကြီးပါတယ်...
Samsung ရဲ့ ခေါက်လို့ရတဲ့စမတ်ဖုန်းအသစ် Galaxy Z Flip 4 ကို လာမယ့်
ဩဂုတ်လမှာ မိတ်ဆက်လာမယ်လို့ ခန့်မှန်းနေကြပြီး တရားဝင် မမိတ်ဆက်သေးခင်မှာပဲ
Galaxy Z Flip 4 ရဲ့ အချက်လက် တော်တော်များများကို မြင်တွေ့နေကြရပြီဖြစ်ပါတယ်။
Samsung Galaxy Z Flip 4 ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ CAD Render တွေဟာ
အွန်လိုင်းပေါ်မှာ အများအပြား ထွက်ပေါ်နေခဲ့ပြီး @OnLeaks လိုမျိုးနာမည်ကျော်
Tipster မှတစ်ဆင့် ဓါတ်ပုံများကို မြင်တွေ့နိုင်ပြီးတော့ သိသိသာသာ
ပြောင်းလဲသွားခြင်းမရှိဘဲ အရင်မော်ဒယ် ဒီဇိုင်းနဲ့ ဆင်နေတာကို တွေ့ရပါမယ်။
Samsung Galaxy Z Flip 4 မှာ သေးငယ်တဲ့ Two-Tone မျက်နှာပြင်ပါရှိပြီး
LED flash ကင်မရာနှစ်ခု၊ လက်ဗွေရာအာရုံခံကိရိယာ၊ ပါဝါအဖွင့်အပိတ် နဲ့
အသံအတိုးအချဲ့ခလုတ်များပါဝင်မှာ ဖြစ်ပါတယ်။
သူရဲ့အရွယ်အစားဟာ 165.1 x 71.9 x 7.2 mm ဖြစ်ပြီး Galaxy Z Flip 3 ထက်
သေးပြီးတော့ 6.8mm အနည်းငယ်ပိုထူပါမယ်။ ဘက်ထရီပမာဏ 3300mAh မှ
3700mAh ထိ ပမာဏများသွားတဲ့အတွက်ကြောင့် ပိုထူသွားတာဖြစ်ပါတယ်။
Chipset အနေနဲ့ နောက်ဆုံးထွက် Snapdragon 8+ Gen 1 ကို အသုံးပြုထားပြီး
ရွှေရောင်၊ အပြာနုရောင် နှင့် ခရမ်းနုရောင် တို့ရွေးချယ်နိုင်မယ်လို့ သတင်းတွေ
ထွက်ပေါ်နေပါတယ်။
ဒါ့အပြင် Ice Universe ဟာ Samsung Galaxy Z Flip4 ရဲ့ အကြမ်းခံကာဗာကို
ထုတ်ဖော်ပြသခဲ့ပြီး Render အရ ဒီဇိုင်းကိုအတည်ပြုပေးခဲ့ပါတယ်။ 6.7 လက်မ
ခေါက်လို့ရတဲ့မျက်နှာပြင်နဲ့ အပြင်မျက်နှာပြင်က 1.9 လက်မ ရှိပါမယ်။ Z Flip3 နဲ့
ယှဉ်ရင် 2.1 လက်မရှိပြီး ပတ္တာအချိုးရဲ့အထူကနည်းသွားတာ တွေ့ရပါမယ်။
Source : ice universe
#MyGadgets
#Samsung #GalaxyZFlip4
#SamsungGalaxy #ZFlip4
Tags:
Leave a comment
All blog comments are checked prior to publishing