" Bluetooth ဟာ တကယ်ပဲ အပြာရောင်သွားက ဆင်းသက်လာတာလား... "
===================================================
ပုံထဲမှာပြထားတဲ့သူကတော့ ဒိန်းမတ်နဲ့ နော်ဝေ ဘုရင် Harald "Bluetooth"
Gormsson ပဲဖြစ်ပါတယ်။ အေဒီ (၉၅၈)၊ (၁၀၄၆) ခုနှစ်မှာ Gorms ရဲ့ သား
ဖြစ်သူ ဘုရင် Harald ၌ Bluetooth ဆိုတဲ့ အမည်ပြောင်တစ်ခု ရှိခဲ့ပါတယ်။
ဘုရင် Harald Gormsson ရဲ့ အမည်ပြောင်ဟာ ဘယ်လိုဖြစ်တာလဲဆိုတော့
ဘယ်ရီသီးအများကြီး စားမိလို့ သွားတွေပြာသွားရာကနေ ဖြစ်လာတယ်လို့
ဆိုကြပြီး တချို့ကတော့ သူ့ရဲ့ သွားကျန်းမာရေးမကောင်းတာကြောင့် အရောင်တွေ
မွဲသွားရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
သို့ပေမဲ့ ရှေးနှစ်ပေါင်းများစွာက ဘုရင်တစ်ယောက်ရဲ့ အမည်ပြောင်က ယနေ့ခေတ်နဲ့
ဘယ်လိုလာပြီး ဆက်နွယ်နေရတာလဲဆိုတော့ ....
အေဒီ (၉၅၈) မှာ အဖေဖြစ်သူ နတ်ရွာစံပြီးနောက် Harald Gormsson ဟာ
ဒိန်မတ်ရဲ့ ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။ သူဟာ Juteland ကျွန်းဆွယ်တစ်လျှောက်
နယ်မြေချဲ့ထွင်ပြီး Scandinavia ကျွန်းဆွယ်အထိပါ နယ်မြေချဲ့ထွင်ခဲ့ပါတယ်။
အေဒီ (၉၇၀) မှစတင်ပြီး နော်ဝေဘုရင်ဖြစ်လာတဲ့အထိ ဘုရင် Harald ဟာ
နယ်မြေတွေကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ခဲ့ပြီး စစ်မြေပြင်မှာ ရန်သူကို
လက်ဦးမှု ရယူနိုင်သည်အထိ ဗျူဟာကောင်းကောင်းနဲ့ နယ်မြေပိုင်နက်တွေကြား
ချိတ်ဆက် ဆက်သွယ်မှုကောင်းတွေ ရှိနေခဲ့တာကြောင့် ဖြစ်ပါတယ်။
ဘုရင် Harald "Bluetooth" ရဲ့ ဒီအကြောင်းအရာတွေက Bluetooth ကြိုးမဲ့
နည်းပညာအတွက် လှုံ့ဆောင်မှုတစ်ခုဖြစ်စေခဲ့ပြီး ခေတ်တစ်ခေတ်မှာ ၎င်းကို
Mobile Phone ထုတ်လုပ်သူဟု ယူဆကြပြီး အဆိုပါ Mobile Phone တွေမှာ
အသုံးပြုဖို့ Bluetooth စနစ်ကို ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။
ယနေ့ခေတ် မြင်တွေ့နေရတဲ့ Bluetooth LOGO ဟာ ဘုရင် Harald ရဲ့
အတိုကောက် Nordic Rune Alphabet ပဲဖြစ်တယ်လို့ သိရပါတယ်။
Source : itworldtoday
#MyGadgets
#Bluetooth #KingHarald
#Norway #Denmark
Tags:


